ဇာတ်ကားများ ရွေးရန်

Devilman

2004ဇာတ်ကားBlu-ray 1080p

* Movie Request ထဲက ဇာတ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ ရုပ်ပြကာတွန်း မန်ဂါကို လူကြိုက်များလို့ Live Action အနေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ Devilmanဆိုတဲ့ ဂျပန်ရုပ်ရှင် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ အကီရာဆိုတဲ့ ကျောင်းသားလေးဟာ အေးအေးဆေးဆေး နေတတ်ပြီး ကြင်နာတတ်တဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ် သူ့သူငယ်ချင်းဖြစ်တဲ့ ရိုက မိစ္ဆာတွေ ကမ္ဘာပေါ် ကျူးကျော်လာမည့်အရေးကို သိရှိသွားပြီး အကီရာကို မိစ္ဆာခန္ဓာကိုယ်နှင့် ပေါင်းစပ်စေဖို့ ဖန်တီးခဲ့ပါတယ်။ အကီရာတစ်​ယောက် မိစ္ဆာတွေရဲ့ အစွမ်းသတ္တိကို ရရှိသွားပေမဲ့ လူသားဆန်တဲ့ နှလုံးသားကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာမို့ လူသားမျိုးနွယ်ကို ကာကွယ်ဖို့ ဒီဗယ်မန်း (Devilman) မိစ္ဆာလူသား အဖြစ် ပြောင်းလဲတိုက်ပွဲဝင်ရတော့တယ်။ လူသားတွေရဲ့ ကြောက်ရွံ့မှုသံသယစိတ်နဲ့ တစ်ကိုယ်ကောင်းဆန်မှု​တွေကြောင့် ကမ္ဘာကြီးက မိစ္ဆာ​တွေထက် ပိုမိုဆိုးရွားတဲ့ ပျက်စီးခြင်းအဖြစ်ကို ရောက်ရှိတဲ့ အခါမှာတော့... တကယ်တမ်း ကြောက်စရာအကောင်းဆုံးက မိစ္ဆာတွေလား ဒါမှမဟုတ် သံသယစိတ်နဲ့ တစ်ယောက်ကိုတစ်ယောက် ပြန်သတ်နေတဲ့ လူသားတွေလားဆိုတာကိုတော့....??? ဒီလိုစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ Devilman ဒီဗယ်မန်း မိစ္ဆာလူသား ဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ပါနော်.....

ဇာတ်လမ်းအကြောင်း