The Great Magician
မကောင်းဆိုးဝါး စစ်ဘုရင်တွေနဲ့ အာဏာရှင်တွေကြီးစိုးတဲ့ ခေတ်ပျက်ကြီးထဲမှာ ထူးဆန်းအံ့ဩဖွယ် မှော်အတတ်တွေကို တတ်မြောက်ထားတဲ့ နိုင်ငံတော်နတ်ဆရာကြီး (ဆရာကျန်း) တစ်ယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ အာဏာမက်ပြီး လူမိုက် ခြောက်ယောက်မက အိမ်ထောင်ပြုထားတဲ့ စစ်ဗိုလ်ချုပ် (ဗိုလ်ချုပ်လေပုလဲ့) နဲ့ အာဏာကို မတရားသိမ်းယူဖို့ ကြံစည်နေတဲ့ အိမ်တော်ထိန်းလျူတို့ကြားထဲမှာ ဆရာကျန်းတစ်ယောက် သူ့ရဲ့ မှော်မျက်လှည့်အတတ်တွေနဲ့ ဘယ်လို ကစားသွားမလဲဆိုတာ ရင်သပ်ရှုမောဖွယ် စောင့်ကြည့်ရမှာပါ။ တစ်ဖက်မှာလည်း အလှပိုင်ရှင် မင်းသမီးလေးလျူရင်ရဲ့ နှလုံးသားကို ရယူဖို့အတွက် မျက်လှည့်ဆရာကြီးကျန်းနဲ့ စစ်ဗိုလ်ချုပ်လူမိုက်တို့ရဲ့ အပြိုင်အဆိုင် ကြိုးပမ်းမှုတွေကလည်း ဇာတ်လမ်းကို ပိုပြီး သက်ဝင်လှုပ်ရှားစေပါတယ်။ ဘဝကို ရာထူး၊ အာဏာ၊ စည်းစိမ်တွေနောက်ပဲ လိုက်ရင်း အိပ်မက်ဆိုးနဲ့ အဆုံးသတ်မလား၊ ဒါမှမဟုတ် အတိတ်ကို နောင်တမရ၊ အနာဂတ်ကို မစိုးရိမ်ဘဲ လက်ရှိဘဝရဲ့ အကောင်းဆုံးအရာတွေကိုပဲ တန်ဖိုးထားမလားဆိုတဲ့ မက်ဆေ့ခ်ျကို သေသေချာချာ ပေးသွားပါတယ်။ "မျက်လှည့်ဆရာတွေက အတုအယောင်တွေကို အစစ်အတိုင်းဖြစ်အောင် ဖန်တီးနိုင်ပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကိုတော့ ဘယ်တော့မှ ပြောင်းလဲလို့မရနိုင်ဘူး" ဒီကားလေးဟာ သာမန် အက်ရှင် ဟာသကားမျိုးမဟုတ်ဘဲ ဇာတ်ရှိန်တက်လာတာနဲ့အမျှ ဇာတ်ကောင်တွေရဲ့ အတွေးအခေါ်နဲ့ ဘဝရွေးချယ်မှုတွေကို ရသစုံစုံလင်လင်နဲ့ ခံစားရမှာဖြစ်လို့ M Sub Movie Channel ပရိသတ်ကြီးအကြိုက် တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်ဗျာ။
ဇာတ်လမ်းအကြောင်း