My Best Friend's Dead
"Some Friendships Never Die" (သေခြင်းတရားကတောင် တားဆီးလို့မရတဲ့ သူငယ်ချင်းသံယောဇဉ်)... ဒီစကားစုလေးက ဒီဇာတ်ကားရဲ့။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ Olivia နဲ့ Aurora တို့ သူငယ်ချင်းနှစ်ယောက်ဟာ ပါတီပွဲတွေ၊ ကောင်လေးတွေအကြောင်းကစလို့ သေခြင်းတရားနဲ့ သေပြီးနောက် ရှင်သန်ခြင်း တွေအထိ အရာရာတိုင်းကို အတူတူ ဖြတ်သန်းခဲ့ကြသူတွေပါ။ ရုတ်တရက်ကြည့်ရင် သာမန် သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝလေးလို ထင်ရပေမယ့် သူတို့နေထိုင်တဲ့ လူသူကင်းမဲ့တဲ့ လယ်တောအိမ်လေးရဲ့ ပတ်ဝန်းကျင်မှာ အမျိုးသားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးလာတဲ့အခါမှာတော့ ဇာတ်လမ်းက တဖြည်းဖြည်း စိတ်ဝင်စားစရာကောင်းလာပါတော့တယ်။ ဒီလို ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာချိန်မှာတော့ Olivia တစ်ယောက် သူမ အသေအချာ ဖုံးကွယ်ထားခဲ့တဲ့ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု မကြာခင်မှာ ပေါက်ကြားတော့မယ်ဆိုတာကို သတိထားမိလာပါတယ်။ ဒီလျှို့ဝှက်ချက်ကြီးက ဘာများဖြစ်မလဲ၊ လူတွေ သေဆုံးပျောက်ဆုံးနေရတာကရော ဘယ်သူ့လက်ချက်လဲ ဆိုတာကို Horror နဲ့ Comedy ရသ ရောယှက်ပြီး ဆွဲဆောင်မှုရှိရှိ ရိုက်ကူးပြသထားတာပါ။ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ အဖြစ်အပျက်တွေကိုမှ ဟာသနှောပြီး တင်ဆက်ထားတာဖြစ်လို့ ရသတစ်မျိုး ပေးစွမ်းနိုင်မှာပါ။ Bruce Wemple ရိုက်ကူးထားပြီး Anna Shields ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ ပျင်းသွားစေမယ့် အချိန်ဆွဲဇာတ်ကွက်တွေမပါဘဲ အစအဆုံး ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးပါ။ ထိတ်လန့်စရာ ဇာတ်ကွက်တွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်တွေကို သဘောကျတတ်သူတွေအတွက်တော့ အထူးပဲ အကြိုက်တွေ့စေမယ့် ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း