ဇာတ်ကားများ ရွေးရန်

The BFG

2016ဇာတ်ကားBlu-ray 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီတစ်ခါမှာတော့ ကလေးဘဝက ပုံပြင်စာအုပ်တွေထဲ ပြန်ရောက်သွားသလိုမျိုး စိတ်ကူးယဉ်ဆန်ဆန်နဲ့ ရင်ခုန်ကြည်နူးစရာကောင်းတဲ့ Fantasy ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ "The BFG"ဆိုတဲ့ ဇာတ်ကားလေးပါပဲ။ နာမည်လေးအတိုင်းပါပဲ ဒီကားလေးကတော့ မှော်ဆန်ဆန်လေးကိုမှ ဘဝရဲ့အဓိပ္ပာယ်တွေနဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ကြင်ကြင်နာနာလေးကို ပညာပေးရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးကတော့ မိဘမဲ့ဂေဟာလေးတစ်ခုမှာ နေထိုင်ပြီး သာမန်ကလေးတွေနဲ့မတူဘဲ တစ်ယောက်တည်းနေတတ်တဲ့ 'ဆိုဖီ' ဆိုတဲ့ မိန်းကလေးငယ်လေးဆီကို မထင်မှတ်ထားတဲ့ ဧည့်သည်တော်ကြီးတစ်ယောက် ရောက်ရှိလာရာကနေ စတင်ထားတာပါ။ သူကတော့ အခြားဘီလူးကြီးတွေလို လူသားတွေကို ရန်ပြုဖို့ထက် အိပ်မက်လှလှလေးတွေကို လိုက်လံဖန်တီးပေးတတ်တဲ့ ကြင်နာတတ်တဲ့ ဘီလူးကြီး (Big Friendly Giant) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က မတူညီတဲ့ အခြေအနေတွေကြားထဲကနေ ဘီလူးနိုင်ငံတော်ကြီးထဲမှာ အတူတူ ဖြတ်သန်းဖြစ်ခဲ့ကြပါတယ်။ အဲဒီကာလအတွင်းမှာပဲ သူတို့ကြားမှာ နားလည်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေ အမြစ်တွယ်သွားတဲ့အခါမှာတော့ လူသားတွေကိုရန်ပြုပြီး စားပစ်ဖို့ ကြံရွယ်နေတဲ့ အခြားဘီလူးကြီးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သူတို့နှစ်ယောက် ဘယ်လိုမျိုးစိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေ ဆက်လုပ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ fantasy ကားလေးဆိုပေမဲ့ အဆုံးထိကြည့်ပြီးရင် ရင်ထဲမှာ ကြည်နူးစရာလေးနဲ့ တစ်ခုခုကျန်ခဲ့မှာ သေချာပါတယ်နော်။

ဇာတ်လမ်းအကြောင်း