ဇာတ်ကားများ ရွေးရန်

Black & White Episode 1: The Dawn of Assault

2012ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါ M Sub Movie Channel ကနေ တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ Action ရုပ်ရှင်တွေရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားရစေမယ့် "Black & White: The Dawn of Assault" ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း: တစ်ချိန်က ငြိမ်းချမ်းခဲ့တဲ့ ဟာဘားစီးတီးဟာ ရုတ်တရက်ဆိုသလိုပဲ စစ်ပွဲတစ်ခုရဲ့ အစပျိုးရာနေရာ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ပြန်ပေးဆွဲမှုတွေ၊ ပေါက်ကွဲမှုတွေနဲ့အတူ မြို့ကြီးတစ်ခုလုံး ထိတ်လန့်စရာကောင်းတဲ့ ပူးပေါင်းကြံစည်မှုကြီးတစ်ခုအောက်မှာ ရောက်ရှိသွားတဲ့အခါ... တောင်ပိုင်းရဲစခန်းက အရာရှိ ယင်ရှုံဝူတစ်ယောက်နဲ့ လူဆိုးရွှီသာ့ဖူတို့ပူပေါင်းပြီး ဒီအကျပ်အတည်းတွေကို ဘယ်လိုကျော်ဖြတ်မလဲ။ လေယာဉ်မောင်းဖို့အတွက် လုံးဝကျွမ်းကျင်မှုမရှိတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့အတူ သူတို့နှစ်ယောက်ရဲ့ မမျှော်လင့်ထားတဲ့ ပူးပေါင်းမှုကရော ဒီလေယာဉ်ပေါ်က ခရီးသည်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ ရိုးရိုးပြန်ပေးဆွဲမှုတစ်ခုထက် ပိုနက်ရှိုင်းတဲ့ နိုင်ငံရေးပူးပေါင်းကြံစည်မှုတွေ၊ SPARK ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းရဲ့ ကြိုးကိုင်မှုတွေက ဇာတ်ကားကို ပိုပြီး ထူးခြားသွားစေပါတယ်။ တစ်ဖက်က ခေါင်းမာတဲ့ ရဲအရာရှိ ယင်ရှုံဝူနဲ့ တစ်ဖက်က ဘဝမတူတဲ့ အင်ဂျင်နီယာတို့ရဲ့ အပြန်အလှန် စကားပြောပုံတွေက ဇာတ်ကားကို သဘာဝကျပြီး ဆွဲဆောင်မှုရှိစေပါတယ်။ လေယာဉ်က သူ့ဘာသာသူ ပျံသန်းနေပြီး ဘီးတွေကလည်း မချနိုင်တဲ့အချိန်မှာ သူတို့သုံးယောက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆင်းသက်အောင် လုပ်သွားမလဲ...။ အကြမ်းဖက်သမားတွေရဲ့ လက်ထဲကနေ မြို့ကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို M Sub Movie Channel မှာ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ပါ။

ဇာတ်လမ်းအကြောင်း