Couture
ယခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2025 ခုနှစ်က ထွက်ရှိထားတဲ့ Couture ဆိုတဲ့ အင်္ဂလိပ်-ပြင်သစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးဟာ မော်ဒယ်သရုပ်ဆောင်များစွာနဲ့အတူ Angelina Joeli ပါ၀င်သရုပ်ဆောင်ထားတာကြောင့် သူ့ရဲ့ညို့ချက်ပြင်းပြင်း သရုပ်ဆောင်မှုတွေကို ကြည့်တာနဲ့တင် တန်နေစေမယ့် ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဖက်ရှင်နဲ့အနုပညာလောကမှာ work-life balance ဘယ်လောက်တောင် မမျှတလဲဆိုတာကို ရိုက်ကူးထားပြီး ဒီလောကက လူတွေရဲ့ဘ၀တစ်စိတ်တစ်ပိုင်းကို နားလည်လာစေနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အကျဉ်းချုပ်ကတော့ မက်ဆင်းဟာ မိသားစုကို အချိန်မပေးနိုင်လောက်တဲ့အထိ အလုပ်ကို အင်မတန်ကြိုးစားလုပ်နေတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ အိမ်ထောင်ရှိပြီး ၁၄နှစ်အရွယ် သမီးလေးတစ်ဦးရှိပေမယ့် ယခုအချိန်မှာတော့ ယောကျာ်းဖြစ်သူနဲ့ ကွာရှင်းဖို့ စီစဉ်နေရသူပါ။ သူ့ရဲ့အလုပ်ကြိုးစားမှုကြောင့်ပဲ ပြင်သစ်ရဲ့နာမည်ကြီး ဖက်ရှင်ရှိုးပွဲတစ်ခုအတွက် အဖွင့်ရုပ်ရှင်ကို ရိုက်ကူးဖို့အခွင့်အရေးရလာခဲ့တဲ့အပြင် အဲ့နောက်မှာလည်း သူ စိတ်ကူးယဉ်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကိုပါ ရိုက်ရတော့မှာပါ။ ဒါကြောင့် သူ့ရဲ့ဘ၀ခရီးသစ်တစ်ခု စတင်ရတော့မယ်ဆိုပြီး ပျော်နေတဲ့အချိန်မှာပဲ အိမ်မက်ဆိုးကြီးတစ်ခု ကြုံလာရပါတော့တယ်။ အဲ့ဒါကတော့ မက်ဆင်းတစ်ယောက် ရင်သားကင်ဆာဖြစ်နေတာကို သိလိုက်ရတာပါပဲ။ ကင်ဆာဟာ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့နေပြီဖြစ်ပြီး ကင်ဆာဆေးသွင်းရမယ့် အခြေအနေကို ရောက်ရှိလာပြီး သူ့ရဲ့အလုပ်အားလုံးကို ရပ်ဆိုင်းဖို့လည်း ဆရာ၀န်က အကြံပေးနေပါတယ်။ တစ်ဖက်မှာလည်း အယ်ဒါဆိုတဲ့ မော်ဒယ်တစ်ယောက်ဟာ ဒီပဲရစ်က ရှိုးပွဲအဖွင့်ပွဲအတွက် ပထမဆုံးအကြိမ်အနေနဲ့ ရောက်ရှိလာတာပါ။ ဖခင်ဖြစ်သူကို ကျောင်းတတ်ဖို့လို့ပြောပြီး တကယ်တော့ ဖက်ရှင်ပွဲကို ရောက်ရှိလာတာပါ။ ရောက်ရောက်ချင်းမှာပဲ အယ်ဒါဟာ လူတွေကို ကြည့်ပြီး လန့်နေခဲ့တာပါ။ ဒါပေမယ့် သူ့ကို အားပေးကြတဲ့လူတွေကြောင့် အယ်ဒါတစ်ယောက် စိတ်ခွန်အားတွေရရှိလာပါတော့တယ်။ ဒါနဲ့အတူ အယ်ဒါတစ်ယောက် ဖက်ရှင်လောကအကြောင်းကို ဘာတွေသိလာမလဲ၊ အခြားမော်ဒယ်တွေရဲ့ဘ၀ဇာတ်ကြောင်းတွေကရော ဘယ်လိုရှိမလဲ၊ တစ်ဖက်မှာရော မက်ဆင်းတစ်ယောက် သူ မျှော်လင့်ထားတဲ့အောင်မြင်မှုတွေရရှိလာတော့မယ့်အချိန်မှာပေါ်ပေါက်လာတဲ့အဖြစ်ဆိုးကြောင့် ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲ၊ ဒီအနုပညာလောကမှာ ကိုယ်ပိုင်အချိန်ဆိုတာ ဘယ်လောက်ရှားလဲဆိုတာတွေကို အကုန်ထည့်သွင်းဖော်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ပိုက်ဆံတွေ အောင်မြင်မှုတွေရဖို့အတွက် နောက်ကွယ်မှာ ဘာတွေစတေးထားရလဲဆိုတာကို ဖော်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ရသတစ်ခုကို ပေးစွမ်းနိုင်တာမို့ အခုပဲကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း