A Long Night or Neelira
၁၉၈၈ ခုနှစ် သီရိလင်္ကာပြည်တွင်းစစ်ရဲ့ အရှိန်အဟုန်ပြင်းထန်နေချိန် ဂျက်ဖ်နာမြို့ရဲ့ အမြောက်သံတွေကြားမှာ မိသားစုတစ်စုက မင်္ဂလာပွဲတစ်ခု ဆင်နွှဲဖို့ စီစဉ်နေကြပါတယ်။ မင်္ဂလာမဆောင်ခင် တစ်ညအလိုမှာ လမ်းကြောင်းမှားပြီး ရောက်ရှိလာတဲ့ ကပ္ပတိန်တစ်ဦး ဦးဆောင်တဲ့ အိန္ဒိယငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (IPKF) စစ်သည်တွေ အိမ်ထဲကို မထင်မှတ်ဘဲ အတင်းအကျပ် ဝင်ရောက်လာကြတယ်။ အပြင်ဘက်မှာလည်း ဒေသခံသူပုန်တွေရဲ့ ဝန်းရံခြင်းကို ခံထားရတာကြောင့် အကူအညီမဲ့နေတဲ့ စစ်သည်တွေက အဲဒီမိသားစုကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး အိမ်ထဲမှာပဲ ခိုအောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ တစ်ဖက်မှာ မင်္ဂလာမဏ္ဍပ် တစ်ဖက်မှာ သေနတ်ပြောင်းဝနဲ့ မင်္ဂလာညရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲ။ သတို့သမီးလေး ဗာဆူကီတို့ မိသားစုကရော ဒီအကျပ်အတည်းကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ စစ်ပွဲကာလအတွင်း ငြိမ်းချမ်းရေးရဲ့အနှစ်သာရကို မေးခွန်းထုတ်စေတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကပ္ပတိန် အဖြစ် မင်းသား Naveen Chandra နဲ့ ဗာဆူကီ အဖြစ် မင်းသမီး Sidhu Kumaresan တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း