Hidden Enemy
အခုတစ်ခေါက် ဇာတ်ကားလေးကတော့ Hidden Enemy ဆိုတဲ့ အင်ဒိုနီးရှား Psychological Drama ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဂါဒစ်နဲ့ အန်ဒီကာဆိုတဲ့ ဇနီးမောင်နှံဟာ သိပ်ချစ်ကြပြီး သာသာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်နေတဲ့ ကြင်စဦး ဇနီးမောင်နှံတွေပါ။ သာယာပျော်ရွှင်တဲ့ သူတို့ဘဝထဲကို ဆူဇီဆိုတဲ့ မိန်းကလေး ရောက်လာချိန်မှာတော့ သူတို့အသိုက်အမြုံလေးဟာ လေမုန်တိုင်း ဝင်ရောက်တိုက်ခိုက်သလို သာယာမှုတွေ လွင့်စင်ခဲ့ရပါတယ်။ ဆူဇီဟာ ဂါဒစ်တို့ အိမ်အနီးမှာနေပြီး အရင်းနှီးဆုံး သူငယ်ချင်းဖြစ်အောင် မိတ်ဆွေဖွဲ့ပါတယ်။ ဂါဒစ် ကိုယ်ဝန်စရှိပြီဆိုကတည်းက ဒီကိုယ်ဝန်ကို သူ့ကိုယ်ဝန်လိုပဲ အရမ်းကို ဂရုစိုက်ပါတယ်။ ဆူဇီရဲ့ ဂရုစိုက်မှုတွေက ဆိုက်ကိုဖောက်သလို အလွန်အကျွံဖြစ်လာတော့ ဂါဒစ်တစ်ယောက် သံသယဝင်ပြီး ကြောက်လာပါတော့တယ်။ သူတို့မိသားစုထဲကို တတိယလူ ဝင်လာတော့ ဂါဒစ်တစ်ယောက် အတွေးများနဲ့ မပျော်ရွှင်တော့ဘဲ သူငယ်ချင်း ဆူဇီအပေါ် ယောက်ျားဖြစ်သူနဲ့ သဝန်တိုကာ ငြိုငြင်လာပါတော့တယ်။ ဆူဇီဟာ ဘာအကြောင်းနဲ့ ဂါဒစ်တို့ ဘဝထဲကို ဝင်လာရတာလဲ အတိတ်မှာ ဘယ်လိုတွေဖြစ်ခဲ့လို့ ဂါဒစ်ကိုယ်ဝန်ကို ဂရုစိုက်နေရတာလဲ...??? ဂါဒစ် ဆူဇီ အန်ဒီကာ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေးမှာ ဘယ်သူက ယုတ်မာပြီး အကြံပက်စက်တဲ့သူလဲ အတိတ်က ဆူဇီနဲ့ ဂါဒစ်ရဲ့ ယောက်ျားက ဘယ်လိုတွေ ပတ်သတ်နေတာလဲ ဆူဇီတစ်ယောက်ကရော အတိတ်မှာ ဘယ်လို ဝမ်းနည်းစရာ ဇာတ်လမ်းတွေရှိပြီး ဆိုက်ကို ဖောက်သွားရတာလဲ... အနီးဆုံးလူ အယုံကြည်ဆုံးလူက ရန်သူဖြစ်လာနိုင်တယ်ဆိုတာ ထိထိမိမိ ရိုက်ကူးထားတဲ့.... ဒီလိုစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ Hidden Enemy ဆိုတဲ့အတိုင်း ပုန်းကွယ်နေတဲ့ တကယ့်ရန်သူက ဘယ်သူ ဖြစ်နေမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် အင်ဒိုဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း