ဇာတ်ကားများ ရွေးရန်

Spa

2026ဇာတ်ကားအမှတ် 6/10Web-dl 1080p

အဆင့်မြင့် စပါးတစ်ခုကို နောက်ခံထားပြီး လူ့သဘာဝရဲ့ လျှို့ဝှက်ချက်တွေ၊ ဆန္ဒတွေနဲ့ ဟန်ဆောင်မှုတွေကို ဟာသနှောကာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီစပါးကို ရောက်လာကြတဲ့ ဖောက်သည်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ နောက်ခံတွေ၊ ထူးဆန်းတဲ့ စရိုက်တွေ ရှိကြပါတယ်။ အချစ်ကို တစ်ခါမှ မတွေ့ကြုံဖူးတဲ့ ရိုးအအ သစ်လုပ်သား၊ သူ့ကိုယ်သူ နာမည်ကြီးမင်းသားပါဆိုပြီး ကြွားလုံးထုတ်နေတဲ့ လူတစ်ယောက်၊ ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေနောက်ကွယ်မှာ ရမ္မက်ကို ဖုံးကွယ်ထားတဲ့ ကဗျာဆရာ၊ ပြီးတော့ အပြင်ပန်းမှာ လူကြီးလူကောင်းယောင်ဆောင်ထားပေမဲ့ ကွယ်ရာမှာ ဖောက်ပြန်နေတဲ့ ယောက်ျားတစ်ယောက် စတဲ့ ဇာတ်ကောင်တွေရဲ့ အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေကို ကြည့်ရှုရမှာပါ။ အနှိပ်သည်မလေးတွေနဲ့ ဖောက်သည်တွေကြားက ပြဿနာတွေကို စိတ်ဝင်စားဖွယ်၊ ရယ်မောဖွယ်ဖြစ်အောင် တင်ဆက်ထားတာက ဒီကားရဲ့ အဓိကဆွဲဆောင်မှုပါပဲ။ ဟာသတွေ၊ ရိုမန်တစ်ဆန်ဆန် အခိုက်အတန့်တွေနဲ့ အေးအေးဆေးဆေး စီးဆင်းနေတဲ့ ဇာတ်လမ်းလေးကနေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဆီကို ရုတ်တရက် ဆွဲခေါ်သွားတဲ့အခါမှာတော့... စပါးထဲမှာ ငြိမ်းချမ်းနေတဲ့ အခြေအနေကနေ ကြေးစားလူသတ်သမားတွေ ရောက်လာပြီး မထင်မှတ်ထားတဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားလာတဲ့အခါ ဇာတ်လမ်းက ပိုပြီး အရှိန်တက်လာပါတယ်။ ရိုးအတဲ့ သစ်လုပ်သားတစ်ယောက် သူ့ရဲ့အချစ်အတွက် ဘယ်လိုတွေ ရှေ့ဆက်တိုးမလဲ၊ ဟန်ဆောင်ထားတဲ့ လူတွေရဲ့ မျက်နှာဖုံးတွေ ဘယ်လိုကွာကျသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။

ဇာတ်လမ်းအကြောင်း