One-Line
အီမင်ဂျယ်ဟာ ရုပ်ရည်ချောမောပြီး စကားပြောကောင်းတဲ့ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ ဘဏ်ချေးငွေတွေကို နည်းလမ်းမျိုးစုံနဲ့ လိမ်လည်ထုတ်ယူနေတဲ့ ကျွမ်းကျင်အဖွဲ့ခေါင်းဆောင် ဂျန်ဆော့ဂူနဲ့ ဆုံတွေ့ခဲ့ပါတယ်။ မင်ဂျယ်ဟာ လူတွေရဲ့စိတ်ကို ဖတ်နိုင်စွမ်းနဲ့ အကင်းပါးမှုတွေကြောင့် အဲဒီချေးငွေလိမ်လည်တဲ့ လောကထဲကို ခြေစုံပစ်ဝင်ရောက်သွားခဲ့ပါတယ်။ မင်ဂျယ်ဟာ ဒီလုပ်ငန်းမှာ ပါရမီပါသူပီပီ အချိန်တိုအတွင်းမှာပဲ အဖွဲ့ရဲ့ အဓိကအားအထားရဆုံး လူတစ်ယောက် ဖြစ်လာပါတယ်။ ဒါပေမဲ့ ငွေကြေးပမာဏတွေ ကြီးမားလာတာနဲ့အမျှ အဖွဲ့ဝင်တွေကြားမှာ လောဘ၊ အာဏာလုပွဲတွေနဲ့ သစ္စာဖောက်မှုတွေ စတင်ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် ရည်မှန်းချက်ကြီးပြီး ရက်စက်တဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂန်ဂျီဝန်း နဲ့ အားပြိုင်မှုတွေ ပြင်းထန်လာပါတယ်။ တစ်ဖက်မှာလည်း သူတို့ရဲ့ ကြီးမားလှတဲ့ လိမ်လည်မှုတွေကို ရဲတွေက ခြေရာခံမိသွားတဲ့အခါ မင်ဂျယ်တစ်ယောက် ရဲတွေရဲ့အဖမ်းအဆီးကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလဲ? အဖွဲ့ဝင်တွေကြားက အကွက်ဆင်မှုတွေနဲ့ ပြဿနာတွေ ဘယ်လိုအဆုံးသတ်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအစကနေ အဆုံးအထိ တစ်စက်မှမပျင်းရဘဲ ကြည့်ရှုသူတွေကို ဆွဲခေါ် သွားနိုင်မဲ့ ဇာတ်ကားကောင်းတစ်ကားရှာနေသူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း