ဇာတ်ကားများ ရွေးရန်

Joseph

1995ဇာတ်ကားBlu-ray 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီတစ်ခါမှာတော့ မတူညီတဲ့ ယဉ်ကျေးမှုနောက်ခံတွေ၊ သစ္စာဖောက်မှုတွေကြားကနေ ဖြစ်တည်လာတဲ့ ကံကြမ္မာအလှည့်အပြောင်းကြားက ဘဝအနိမ့်အမြင့် အတက်အကျတွေကို ခံစားကြည့်ရှုရမယ့် historical ဇာတ်ကားကောင်းလေးတစ်ကားကို ပြောပြပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဖခင်ဖြစ်သူရဲ့ အချစ်ဆုံးသားဖြစ်ပြီး အနာဂတ်ကို အိပ်မက်ကနေတစ်ဆင့် ကြိုတင်မြင်နိုင်တဲ့ ထူးခြားတဲ့အစွမ်းရှိသူ ဂျိုးဇက် ရဲ့ ဘဝကနေ စတင်ထားတာပါ။ သူဟာ သူ့အပေါ် မနာလိုဖြစ်ကြတဲ့ မွေးချင်းအစ်ကိုတွေရဲ့ သစ္စာဖောက် ရောင်းစားခြင်းကို ခံလိုက်ရပြီး အိမ်နဲ့ဝေးရာ အီဂျစ်ပြည်ကို ကျွန်အဖြစ်ရောက်ရှိသွားခဲ့ရပါတယ်။ အဲဒီနောက် ရှေးရိုးစွဲယဉ်ကျေးမှုတွေ၊ နန်းတွင်းစည်းကမ်းတွေနဲ့ မတူညီတဲ့ အခြေအနေတွေကြားထဲမှာ ဂျိုးဇက်ရဲ့ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ရိုးသားမှုတွေကြောင့် အစပိုင်းမှာ အခက်အခဲတွေ ရှိခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဘုရင်ကြီးရဲ့အားကိုးယုံကြည်မှုကိုရရှိပြီး အီဂျစ်ပြည်ရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် သူ့ကိုသစ္စာဖောက်ခဲ့တဲ့ အစ်ကိုတွေနဲ့ ပြန်လည်ဆုံတွေ့ရတဲ့အခါမှာတော့ အတိတ်က နာကျည်းချက်တွေက ဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီကားလေးကတော့ သမိုင်းနောက်ခံ ဇာတ်လမ်းကောင်းတွေကိုမှ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေကို တစ်ဝကြီးကြည့်ရှုရမယ့်အပြင် လေးနက်တဲ့သံယောဇဉ်နဲ့ ခွင့်လွှတ်မှုတွေ သစ္စာစောင့်သိမှုတွေကိုပါ ဖော်ကျူးရိုက်ပြထားတာမို့ အဆုံးထိကြည့်ပြီး ရင်ထဲမှာ ဝမ်းနည်းဝမ်းသာခံစားချက်မျိုး ခံစားရစေမှာ သေချာပါတယ်နော်။

ဇာတ်လမ်းအကြောင်း