ဇာတ်ကားများ ရွေးရန်

Propeller: One-Way Night Coach

2026ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမှာတော့ ကလေးဘဝက ရေးသားထားတဲ့ ဒဏ္ဍာရီစာအုပ်လေးတစ်အုပ်ကို ပြန်ဖတ်လိုက်ရသလိုမျိုး လောကကြီးအပေါ် ကလေးအတွေး ကလေးအမြင်နဲ့ ခမ်းခမ်းနားနားပုံဖော်ထားတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက နာမည်လေးအတိုင်းပဲ လေပန်ကာလေယာဉ်ပေါ်က တစ်ညတာ အကြောင်းကို အခြေပြုပြီးရိုက်ထားတာပါ ဒါပေမဲ့ လေယာဉ်ပေါ်ကမဆင်းဘဲ ပျင်းစရာကောင်းမယ့်ဇာတ်ကားမျိုးတော့ မဟုတ်ပြန်ဘဲနဲ့ လေယာဉ်ပေါ်က လူတွေရဲ့ခံစားချက် ရသ‌မျိုးစုံကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရအောင် ရိုက်ပြထားတာပါ။ ဇာတ်လမ်းလေးကတော့ လေယာဉ်ပျံတွေကို အရမ်းရူးသွပ်ပြီး ကမ္ဘာကြီးကို စူးစမ်းချင်နေတဲ့ ၈ နှစ်အရွယ်ကောင်လေး ဂျက်ဖ် နဲ့ သူ့ရဲ့မိခင်ဖြစ်သူတို့က နယူးယောက်မြို့ရဲ့ မွန်းကြပ်မှုတွေကနေ ရုန်းထွက်ပြီး အနာဂတ်အိပ်မက်အသစ်တွေရှိတဲ့ ကယ်လီဖိုးနီးယားဆီကိုဦးတည်ဖို့အတွက် ပန်ကာလက်ပန်ပါတဲ့ ညလုံးပေါက် ပျံသန်းတဲ့ခရီးသည်တင် လေယာဉ်ဟောင်းလေးတစ်စင်းပေါ်ကို စီးနှင်းလာခဲ့ကြပါတယ်။ အဲဒီလေယာဉ်ကျဉ်းကျဉ်းလေးထဲမှာ ဖြတ်သန်းရတဲ့ တစ်ညတာခရီးစဉ်အတွင်းမှာတင် စိတ်ဝင်စားစရာ အတိတ်ဇာတ်ကြောင်းကိုယ်စီရှိကြတဲ့ ခရီးသည်တွေ၊ စရိုက်အစုံနဲ့ ဆုံတွေ့ပြီး သံယောဇဉ်တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ရာသီဥတုအခြေအနေကြောင့် ခရီးတစ်ထောက် ရပ်နားရတာတွေ၊ ရင်ခုန်စရာ အလှည့်အပြောင်းတွေကြားထဲမှာပဲ ကောင်လေးရဲ့ အနာဂတ်အမြင်ကို ပြောင်းလဲစေမယ့် ဘဝသင်ခန်းစာတွေကို ရင်ကြည်နူးစရာတွေ့မြင်ရမှာပါ။ အဲဒီတော့ ‌၈ နှစ်အရွယ်ကောင်လေးရဲ့ ဒဏ္ဍာရီစာအုပ်လေးကို ဖတ်လိုက်ရသလို သူ့ရဲ့ဘဝမှာ မမေ့နိုင်တဲ့ညတစ်ညကနေ တစ်ဘဝလုံးအတွက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ စိတ်လှုပ်ရှားစရာလေး ကြည့်ရှုရမှာပါနော်။

ဇာတ်လမ်းအကြောင်း