Train to Busan
ဒီကားဟာ တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာ ရုတ်တရက် ပျံ့နှံ့သွားတဲ့ ဇွန်ဘီဗိုင်းရပ်စ်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ နာမည်ကြီး ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းက အလုပ်အရမ်းများပြီး သမီးဖြစ်သူအပေါ် အချိန်မပေးနိုင်တဲ့ ဖခင်ဖြစ်သူ ဆော့ဝူ နဲ့ သူ့ရဲ့သမီးလေး ဆူအန်းတို့ ဆိုးလ်မြို့ကနေ ဘူဆန်မြို့ကို အမြန်ရထားကြီးစီးပြီး သွားကြရာကနေ စတင်ပါတယ်။ ရထားမထွက်ခွာခင်လေးမှာတင် ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အမျိုးသမီးတစ်ဦး ရထားပေါ်ကို တက်ရောက်လာရာကနေ ရထားပေါ်က ခရီးသည်တွေကြားထဲ ဗိုင်းရပ်စ်ဟာ လျှပ်တစ်ပြက် ကူးစက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တွေကလည်း ဇွန်ဘီတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးကုန်ပါတယ်။ လုံခြုံရေးအပြည့်ရှိတယ်လို့ ယူဆရတဲ့ ဘူဆန်မြို့ကို ရောက်ဖို့အတွက် ရထားပေါ်က အသက်ရှင်ကျန်ရစ်သူတွေဟာ ကျဉ်းမြောင်းတဲ့ ရထားတွဲလေးထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဇွန်ဘီတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း