The Stool Pigeon
Hello သာ့ကျား....ဒါရိုက်တာ Dante Lam ရိုက်ကူးထားပြီး ရဲဘက်သတင်းပေးတွေရဲ့ ဘဝကို ရိုက်ကူးပြသထားတဲ့"The.Stool.Pigeon.2010" ဆိုတဲ့ ဟောင်ကောင် အက်ရှင်-မှုခင်း ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း "လောကမှာ အန္တရာယ်အရှိဆုံးအရာက သေနတ်မဟုတ်ဘူး... လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားတာပဲ" ရဲအရာရှိလီဟာ ရာဇဝတ်ဂိုဏ်းတွေကို ဖမ်းဆီးဖို့ သတင်းပေးတွေကို အသုံးပြုလေ့ရှိပေမယ့် သူ့ရဲ့အရင်သတင်းပေးတစ်ယောက် ထိခိုက်နစ်နာသွားတာကို မြင်ပြီး အပြစ်ရှိစိတ်ခံစားနေရသူဖြစ်ပါတယ်။တစ်နေ့မှာ လက်နက်ကိုင်ဓားပြခေါင်းဆောင် ဘာဘာရီယန် ရဲ့အဖွဲ့ကို ဖမ်းဖို့အတွက် အရာရှိလီဟာ အရင်က မှောင်ခိုပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်ပြီး ထောင်ကျနေသော သရဲလေးဆိုတဲ့လူငယ်တစ်ယောက်ကို သတင်းပေးအဖြစ်လုပ်ကိုင်ရန်ခေါ်ယူခဲ့ပါတယ်။ သရဲလေးဟာ မိသားစုအကြွေးနဲ့ ညီမဖြစ်သူရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ငွေလိုအပ်နေတာကြောင့် အန္တရာယ်ကြီးတဲ့ ဒီအလုပ်ကို လက်ခံလိုက်ရပါတယ်။ဒီလိုနဲ့ သရဲလေးရဲ့ ကားမောင်းစွမ်းရည်ကြောင့် ဘာဘာရီယန်ရဲ့အဖွဲ့ထဲကိုဝင်ခွင့်ရသွားပြီး အရာရှိလီအတွက် သတင်းပေးအဖြစ်စတင်လုပ်ကိုင်ခဲ့ပါတော့တယ်။သရဲလေးဟာ သတင်းပေးအဖြစ်နေထိုင်ရင်း ဖော်ထုတ်ခံရတော့မယ်အန္တရာယ်နဲ့ ကြုံတွေ့လာရပြီး...ရာဇဝတ်သားတွေကြားထဲရောနှောရောက်ကာ သတင်းပေးလုပ်ရတဲ့လူငယ်တစ်ယောက်...သူ့ရဲ့ ရည်ရွယ်ချက်က ငွေရှာဖို့သာဖြစ်ပေမယ့်နောက်ဆုံးမှာတော့ အသက် သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ လောင်းကြေးထပ်ရတဲ့ အခြေအနေအထိ ရောက်သွားခဲ့ရတဲ့အချိန်မှာတော့.....အရာရှိလီတစ်ယောက် ဒီတစ်ခါရော သူရဲ့သတင်းပေးသူကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ အက်ရှင်ခန်းများအပြင် ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်နဲ့ ပေးဆပ်မှုတွေကိုပါမြင်တွေ့ခံစားရမယ့် ဟောင်ကောင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း