KD: The Devil
ဒေဗာ ဆိုတဲ့လူက နပန်းလောကမှာ ဆရာတစ်စူဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ရဲ့ အားထားရသူအဖြစ် တစ်မြို့လုံးက ဖိန့်ဖိန့်တုန်နေရတဲ့ လူတစ်ယောက်ပါ။ သူ့ကို ငယ်ငယ်ကတည်းက အသည်းအသန် အားကျလေးစားတဲ့သူကတော့ ကာလီ ဆိုတဲ့ ပညာမတတ်တဲ့ကောင်လေးတစ်ယောက်ပါ။ ကာလီရဲ့အစ်ကို ကျောင်းဆရာက ကျောင်းမနေတဲ့ကာလီကို တစ်အိမ်တည်းနေပြီး စကားမပြောပေမယ့် ကာလီကတော့ သူ့အစ်ကိုကို အရမ်းချစ်ရှာတယ်။ နိုင်ငံရေးလောကရဲ့ တစ်ဖက်မှာ ဒေဗာက ဝန်ကြီးချုပ်ရဲ့ အားထားရသူဖြစ်ပြီး တစ်ဖက်က အတိုက်အခံပါတီရဲ့ ခေါင်းဆောင်က ကာလီအစ်ကိုရဲ့ သူငယ်ချင်းဆိုတော့ ဒေဗာက သူ အာဏာရဖို့ ကာလီရဲ့မိသားစုကို ခြိမ်းခြောက်လာချိန်မှာ ကာလီတစ်ယောက် ငယ်ငယ်ကတည်းက လေးစားရတဲ့ စံပြပုဂ္ဂိုလ်ကြီး ဒေဗာနဲ့ မိသားစုကြားမှာ ဘာကိုရွေးချယ်သွားမလဲ။ ဇာတ်လမ်းအဆုံးမှာ နိုင်ငံရေးသမားတွေရဲ့ ထင်မထားတဲ့ လှည့်ကွက်တွေကို အံ့အားသင့်စွာ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဓားနဲ့တိုက်ခိုက်တာတွေ နည်းနည်းကြမ်းလို့ သွေးသံရဲရဲ မကြည့်ရဲ့သူတွေ သတိထားစေချင်ပါတယ်။ ဒီဇာတ်ကားမှာ ကာလီ အဖြစ် မင်းသား Dhruva Sarja ၊ ဒေဗာ အဖြစ် မင်းသားကြီး Sanjay Dutt နဲ့ လက်ရှ်မီး အဖြစ် မင်းသမီး Reeshma Nanaiah တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း