Exte: Hair Extensions
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ဂျပန် Horror, Comedy ဇာတ်ကားကောင်းလေးဖြစ်တဲ့ Exte Hair Extensionsဆိုတဲ့ ဆံပင်အတုတွေနဲ့ ဆက်စပ်နေတဲ့ ထူးခြားဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ငယ်ရွယ်လှပတဲ့ မိန်းမငယ်လေးတစ်ဦးကို ဆံပင်တွေနဲ့ ပြည့်နေသည့် ကွန်တိန်နာတစ်ခုအတွင်း ရက်ရက်စက်စက်သတ်ပြီး စွန့်ပစ်ထားပါတယ်။ ဆံပင်တွေကို အရူးအမူးစွဲလမ်းနေတဲ့ ယောက်ျားတစ်ယောက်က အလောင်းကို ခိုးယူသွားပြီး အစီအရင်တွေ ပြုလုပ်ကာ အလောင်းကို ဖွက်ထားခဲ့ပါတယ်။ မတရားအသတ်ခံရတဲ့ အလောင်းကနေ ဒေါသထွက်လာတိုင်း ဆံပင်တွေ ပေါက်လာပါတယ် အဆုံးမရှိ ပေါက်လာတဲ့ ဆံပင်အစစ်တွေနဲ့ ဆံပင်တုလုပ်ပြီး ဆံပင်ညှပ်ဆိုင်တွေကို ရောင်းချခဲ့ပါတယ်။ ယူကိုစံဆိုတဲ့ မိန်းကလေးက ဆံညှပ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သင်တန်းသူလေး ဖြစ်ပြီး သူ့ရဲ့ဆံပင်က အရမ်းလှပါတယ် ဒီတော့ ဆံပင်ရူးသွပ်သူရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။ တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲ... မတရားအသတ်ခံရတဲ့ မိန်းကလေးကရော ဘယ်လိုမျိုး တုန့်ပြန် လက်စားချေမှာလဲ ယူကိုစံကရော သူ့ဆံနွယ်တွေကို ကာကွယ်နိုင်မှာလား.... ဆံပင်တွေက အသက်ဝင်ပြီး လူတွေကို ခြောက်လှန့်တာမျိုး လူတွေရဲ့ ဘဝတွေကို နှောက်ယှက်တာမျိုးတွေနဲ့ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ကောင်မလေးတွေနဲ့ ဆံပင်တွေရဲ့ ဆက်နွယ်မှု ဆံပင်တွေနဲ့ ပတ်သက်ပြီး စိတ်စွဲလမ်းနေတဲ့ အခြေအနေမျိုးတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးဟာ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြောင့် Horror ကြိုက်နှစ်သက်သူတွေအတွက် စိတ်ဝင်စားဖို့ အရမ်းကောင်းပြီး Comedy ရောစပ်ထားတာကြောင့် ကြောက်စရာကောင်းရုံတင်မကဘဲ တစ်မျိုးတစ်ဖုံ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း