ဇာတ်ကားများ ရွေးရန်

México 86

2026ဇာတ်ကားWeb-dl 1080p

“Mexico 86" (2026) ဟာ မကြာသေးခင်ကမှ Netflix မှာ ပြသခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံ ဟာသနဲ့ နိုင်ငံရေးဒရမ်မာ ရုပ်ရှင်အသစ်တစ်ခု ဖြစ်ပါတယ်။ နဂိုက ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကိုလံဘီယာနိုင်ငံက ရွေးချယ်ခံထားရတာပါ။ ဒါပေမဲ့ နောက်ဆုံးမိနစ်ကျမှ ကိုလံဘီယာက စီးပွားရေးအကျပ်အတည်းကြောင့် အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို လက်လျှော့လိုက်ရပါတယ်။ အဲဒီအချိန်မှာ မက္ကဆီကိုနိုင်ငံရဲ့ အလတ်တန်းစား အစိုးရအရာရှိတစ်ဦးဖြစ်တဲ့ မာတင် ဒီ လာ တိုရေး (Martín de la Torre) က ဝင်ပါလာခဲ့ပါတယ်။ သူဟာ အိမ်ထောင်ရေးရော၊ ဘဝပါ အဆင်မပြေဘဲ အကျပ်အတည်း ဆိုက်နေချိန်မှာ ကမ္ဘာ့ဖလားကို မက္ကဆီကိုဆီ ရောက်အောင် ဉာဏ်ဆင်ပြီး မက္ကဆီကိုဘောလုံးလောကရဲ့ ကယ်တင်ရှင်လုပ်ဖို့ စွန့်စားခန်း ဖွင့်ပါတော့တယ်။ ၁၉၈၅ ခုနှစ်မှာ မက္ကဆီကိုမြို့တော်မှာ ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရလို့ ကမ္ဘာ့ဖလားကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ လူတိုင်းက ထင်ထားကြတာပါ။ ဒါပေမဲ့ မာတင်ဟာ ဘာအာမခံချက်မှ မရှိဘဲနဲ့ သူ့ရဲ့ လျှာအရိုးမရှိတဲ့ အပြောအဆို၊ မရမက တိုးမယ့် သတ္တိ၊ ဝါသနာကြီးမှုတွေနဲ့တင် FIFA အဖွဲ့ကြီးတစ်ခုလုံးအပြင် ကနေဒါ၊ ဘရာဇီးနဲ့ အမေရိကန်လို ပြိုင်ဘက် နိုင်ငံကြီးတွေကိုပါ အကွက်ချ ကျော်ဖြတ်ပြီး မက္ကဆီကိုနိုင်ငံကို ကမ္ဘာ့ဖလား ဒုတိယအကြိမ် လက်ခံကျင်းပခွင့်ရအောင် လှည့်စားဉာဏ်ဆင်ခဲ့ပါတယ်။ သူ့ရဲ့ချစ်သူ Susana နဲ့ မီဒီယာလုပ်ငန်းရှင်ကြီး El Tigre တို့ရဲ့ အကူအညီတွေနဲ့အတူ နောက်ကွယ်က နိုင်ငံရေးကစားကွက်တွေ၊ အပေးအယူတွေ၊ အရှုပ်အထုပ်တွေကို ခပ်ပြောင်ပြောင် သရော်စာ (Satire) ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး နောက်ဆုံးမှာတော့ ဒီလို အကွက်ချလိမ်လည်မှုတွေကြောင့်ပဲ မက္ကဆီကိုအသင်း ၁၉၉၀ အီတလီကမ္ဘာ့ဖလားပွဲမှာ ဝင်ခွင့်ပိတ်ပင် (Ban) ခံလိုက်ရတဲ့အထိ ဖြစ်ပျက်သွားပုံတွေကို စိတ်ဝင်စားဖွယ် ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း