USA 94: Brazil's Return to Glory
ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ထွက်ရှိလာတဲ့ Brazil return to glory ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံအသင်းရဲ့ ၁၉၉၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဖြတ်သန်းခဲ့ရတဲ့လမ်းခရီးကြီးကို ကစားသမားတွေကိုယ်တိုင် မှတ်တမ်းတင်ခဲ့တဲ့ နောက်ကွယ်က တကယ့်အဖြစ်အပျက်တွေကို Documentary ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဖန်တီးခဲ့တာပါ။ ဒီဇာတ်လမ်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားခဲ့တဲ့ ဘရားဇီးဂန္ဓ၀င်အသင်းသားတွေကိုယ်တိုင် သူတို့ရဲ့ခရီးစဥ်တစ်လျှောက် ကြုံခဲ့ရတဲ့အတွေ့အကြုံတွေ ဖိအားတွေနဲ့ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တွေအကြောင်းကို ပြန်လည်ပြောပြထားတာပါ။ ထို့အတူ အဲ့ဒီ ၁၉၉၄ ခုနှစ်အချိန်ကာလဟာ ဘရာဇီးနိုင်ငံအတွက် ချန်ပီယံနဲ့လွဲချော်လာတာ နှစ်ပေါင်း ၂၄နှစ်ရှိနေပြီဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ် ဘရားဇီးနိုင်ငံ သုံးကြိမ်မြောက်ကမ္ဘာ့ဖလားကို ရပြီးနောက်ပိုင်း ၁၉၉၀ခုနှစ်အထိ ဖလားနဲ့ဆက်တိုက်လွဲချော်လာခဲ့တာပါ။ ဒါကြောင့်မို့ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲက ဘရာဇီးနိုင်ငံအသင်းအတွက်တော့ အင်မတန်ကို အရေးကြီးခဲ့ပါတယ်။ အသင်းသားတွေဟာ နိုင်ငံရဲ့ဂုဏ်ကို ထမ်းဆောင်နိုင်ဖို့အတွက် လေးလံတဲ့တာ၀န်၀တ္တရားကို သယ်ဆောင်ထားခဲ့ရတာပါ။ ဒီဇာတ်လမ်းမှာ ဘရားဇီးနိုင်ငံရဲ့ကမ္ဘာ့ဖလားသမိုင်းကြောင်းတွေ၊ ဘောလုံးအားကစားကို ဘယ်လိုချစ်မြတ်နိုးပုံတွေ၊ လေးနှစ်တာခရီးစဉ်တစ်လျှောက် အသင်းသားတွေ လေးကြိမ်မြောက်ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့အတွက် ဘယ်လိုကြိုးစားခဲ့ရပုံတွေ၊ ပေးဆပ်ခဲ့ရမှုတွေကို ရိုက်ကူးထားတာပါ။ ကစားသမားတွေကိုယ်တိုင် ရိုက်ကူးထားတဲ့ Real footage တွေကို ထည့်သွင်းတာမို့ တကယ့်ကမ္ဘာ့ဖလားပွဲစဉ်ကြီးကို ကြည့်နေရသလိုခံစားရမယ့်အပြင် ဘရာဇီးရဲ့ဂန္ဓ၀င်ကစားသမားကြီးတွေ ပေါ်ထွက်လာပုံကိုပါ ကြည့်ရှုရမှာမို့အခုပဲ လက်မလွတ်တမ်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း