ဇာတ်ကားများ ရွေးရန်

Glory Day or One Way Trip

2015ဇာတ်ကား2015

ဒီကားလေးကတော့ လူငယ်သူငယ်ချင်း ၄ ယောက်ရဲ့ သံယောဇဉ်နဲ့ ဘဝရဲ့ ရုတ်တရက် အလှည့်အပြောင်းတွေကို ရင်နင့်စရာ ရိုက်ကူးထားတဲ့ Drama Suspense ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂျီဂုံး၊ ယုံးဘီ၊ ဒူမန်နဲ့ ဆန်းဝူတို့ဟာ ဆန်းဝူစစ်တပ်ထဲမဝင်ခင် အမှတ်တရအနေနဲ့ ဖိုဟန်မြို့လေးဆီကို ခရီးထွက်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ပျော်စရာခရီးစဉ်တစ်ခုဖြစ်ခဲ့ပေမဲ့ ညဘက်မှာ အမျိုးသမီးတစ်ယောက် အကြမ်းဖက်ခံနေရတာကို မမြင်ရက်လို့ ဝင်ရောက်ကူညီခဲ့ရာကနေ အခြေအနေတွေက တခြားစီ ပြောင်းလဲသွားခဲ့ပါတယ်။ မမျှော်လင့်ဘဲ သူတို့အားလုံးဟာ ကြီးမားတဲ့ အခက်အခဲတစ်ခုထဲ ပိတ်မိသွားပြီး လူသတ်မှုနဲ့စွပ်စွဲခံရပြီးတဲ့နောက်မှာ ဘယ်လိုအရာတွေဆက်ဖြစ်လာမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း