ဇာတ်ကားများ ရွေးရန်

Gate

2018ဇာတ်ကားWeb-dl 1080p

ဆိုအွန်းဟာ မထင်မှတ်ဘဲ အလုပ်ပြုတ်သွားပြီး အကြွေးတွေ ပတ်ချာဝိုင်းလာပါတယ်။ ဆိုအွန်းရဲ့ အဖေဖြစ်သူ ဂျန်ချွန်းကတော့ ခိုးမှုနဲ့ထောင်ကလွတ်လာသူတစ်ဦးပါ။ ဂျန်ချွန်းနဲ့ သူ့ရဲ့ယောက်ဖဖြစ်သူတို့ဟာ နောက်ဆုံးအနေနဲ့ ဖောက်ထွင်းမှုတစ်ခုလုပ်ဖို့တိုင်ပင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ပစ်မှတ်ကတော့ လျှို့ဝှက်မီးခံသေတ္တာတစ်ခုကို ဖောက်ထွင်းဖို့ပါပဲ။ ဒီအဖွဲ့ထဲကို ဆိုအွန်းအပါအဝင် ယာဉ်တိုက်မှုကြောင့် မှတ်ဉာဏ်ချို့ယွင်းနေတဲ့ အမှုစစ်ဟောင်း ဂယူချော ဆိုသူကပါ ဝင်ရောက်လာခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဖောက်ထွင်းသမားမဟုတ်တဲ့ သူတို့တွေရဲ့ဖောက်ထွင်းမှုက အောင်မြင်ပါ့မလား? ဖောက်ထွင်းမှုရဲ့အကျိုးဆက်အနေနဲ့ ဘယ်လိုအရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ... ဇာတ်လမ်းအသွားအလာ မပျင်းရအောင် ဟာသလေးတွေနဲ့ သေချာဆွဲဆောင်ထားလို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုချင်သူတွေအတွက် အထူးသင့်လျော်တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း