ဇာတ်ကားများ ရွေးရန်

Ta Ra Rum Pum

2007ဇာတ်ကားWeb-dl 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ နယူးယောက်မြို့က ကားပြိုင်ပွဲကွင်းမှာ တာယာလဲတဲ့ ကောင်လေးကနေ နာမည်ကျော် ပြိုင်ကားသမားတစ်ယောက် ဖြစ်လာတဲ့ ရာဗီဆင်း ခေါ် အာဗီ (RV)ဆိုတဲ့ ကောင်လေးအကြောင်းပဲဖြစ်ပါတယ်။ ပြိုင်ကားမောင်းတာမှာ ပါရမီပါပေမဲ့ ဘွဲ့ရပညာတက်မဟုတ်တဲ့ အာဗီကို သူ့ချစ်သူ ရာဒီကာရဲ့အဖေက သဘောမတူပေမယ့် ချစ်သူနှစ်ယောက် လက်ထပ်ပြီး ကလေးနှစ်ယောက်နဲ့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ကြတယ်။ ဒါပေမဲ့ ပြိုင်ပွဲတစ်ခုမှာ မတော်တဆမှုတစ်ခုဖြစ်ပြီး ပြိုင်ကားလောကကနေ ထွက်လိုက်ရတဲ့အချိန်မှာတော့ အာဗီနဲ့ သူ့ရဲ့မိသားစုလေးဘဝက တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတော့တယ်။ အာဗီတစ်ယောက် သူ့မိသားစုလေးအတွက် ဘယ်လိုရုန်းကန်ကြိုးစားပေးမလဲ။ ပြိုင်ကားလောကကို ဘယ်လိုပြန်ဝင်မလဲဆိုတာကို အာဗီတို့မိသားစုလေးရဲ့ တစ်ယောက်ပေါ်တစ်ယောက် ဖေးမကူညီတတ်တဲ့ ကြည်နူးစရာပုံစံလေးတွေနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အာဗီ အဖြစ် မင်းသား Saif Ali Khan နဲ့ ဗာဒီကာ အဖြစ် မင်းသမီး Rani Mukerji တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း