ဇာတ်ကားများ ရွေးရန်

Omaha

2025ဇာတ်ကားWeb-dl 1080p

ဒီကားလေးရဲ့နာမည်ဖြစ်တဲ့ Omaha ဆိုတာ အမေရိကန်နိုင်ငံ နက်ဘရက်စ္စကာပြည်နယ်က မြို့တစ်မြို့ရဲ့နာမည်ဖြစ်တယ်၊ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်... တစ်ခုသော မနက်ခင်းမှာ အဖေဖြစ်သူက ကလေးနှစ်ယောက်ကို ခရီးထွက်မယ်ဆိုပြီး အစောကြီးထဖို့ နှိုးခဲ့တယ်။ ကလေးတွေကလည်း အိပ်ချင်မူးတူးနဲ့ အဖေခေါ်ရာနောက်ကိုလိုက်ခဲ့ကြရတာပေါ့။ အဖေဖြစ်သူ မာတင်ရယ်၊ ခြောက်နှစ်အရွယ်သားအငယ်လေး ချာလီရယ်၊ ကိုးနှစ်အရွယ် သမီးကြီး အယ်လာ ရယ်၊ သူတို့ရဲ့ခွေးလေးရက်စ်ရယ် အားလုံးအတူတူ ကားတစ်စီးနဲ့ ထွက်လာခဲ့ကြတယ်။ ကလေးတွေက သူတို့အဖေ ဘယ်ကိုဦးတည်နေလဲဆိုတာ သေချာမသိခဲ့ကြဘူး၊ သူတို့အဖေကို မေးကြည့်တော့ နက်ဘရက်စ္စကာကို သွားနေကြတာလို့ ပြောတယ်။ လမ်းခရီးတစ်လျှောက် ကလေးတွေရဲ့ဘာသာဘာဝအတိုင်း ဆော့ကစားကြတယ်၊ ပျော်ရွှင်ကြတယ်၊ အဖေဖြစ်သူကို ဂျီကျကြတယ်၊ မုန့်တွေအတူစားကြတယ်။ သူတို့ရဲ့အမေဖြစ်သူ ဆုံးသွားတာက မကြာသေးဘူး။ သူတို့က ဆင်းရဲတဲ့ မိသားစုလေးတစ်ခုဖြစ်တယ်၊ စျေးဝယ်ရင်တောင် အစိုးရကထောက်ပံ့ပေးထားတဲ့ အစားအစာထောက်ပံ့ရေးနဲ့ အသုံးစရိတ်ထောက်ပံ့ရေး ကဒ်ကိုသုံးပြီး ဝယ်ကြရတယ်။ သူတို့ဘဝမှာ သူတို့ပဲရှိတယ်၊ ခွေးလေးအပါအဝင် သူတို့အချင်းချင်းလည်း ချစ်ကြတယ်၊ ဒီကားထဲမှာ ​ဇာတ်ကောင်တွေလည်း အများကြီးမပါဝင်ဘူး၊ သူတို့မိသားစုလေးကပဲ အဓိကပါဝင်တယ် ဇာတ်လမ်းကလည်း ဒီမိသားစုလေးရဲ့ ခရီးစဉ်တစ်လျှောက်ဖြတ်သန်းရတာတွေကို ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးပဲ ရိုက်ပြပေးထားတယ်၊ အဲဒါကြောင့် ကြည့်ရှုသူတွေကလည်း သူတို့မိသားစုနဲ့အတူ လမ်းခရီးတစ်လျှောက်ကို ကားတစ်စီးနဲ့ လိုက်ပါနေရသလို ခံစားချက်ကို ရစေပါလိမ့်မယ်၊ ဒီဆင်းရဲတဲ့မိသားစုလေးက ဘယ်ကိုဦးတည်ပြီး အဖေဖြစ်သူရဲ့ဘယ်လိုရည်ရွယ်ချက်တွေကြောင့် ကားတစ်စီးနဲ့ နက်ဘရက်စ္စကာအထိ ထွက်လာရတာလဲဆိုတာကိုတော့ ဇတ်လမ်းကိုပဲ စီးမြောခံစားရင်း ကြည့်ကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ...

ဇာတ်လမ်းအကြောင်း