ဇာတ်ကားများ ရွေးရန်

Maternal Instinct

2026ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမှာတော့ လူသားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ လိမ်ညာမှုတွေကနေတစ်ဆင့် ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့တဲ့ True-Crime/Psychological Documentary ကားအသစ်စက်စက်ကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ၂၀၂၆ ခုနှစ်မှာပဲ Netflix ‌ကနေ ထွက်ရှိလာတဲ့ "Maternal Instinct" ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကြီးပါပဲ။ ဒီကားထဲမှာ‌တော့ လူမှုကွန်ရက်ပေါ်က အတုအယောင် ကိုယ်ဝန်ဆောင်ပြသမှုနဲ့ ချစ်သူအပေါ် အလွန်အကျွံ စွဲလမ်းစိတ်ကြားကနေ ဖြစ်တည်လာတဲ့ ကြောက်မက်ဖွယ် လူသတ်မှုအစစ်အမှန်ကို အမှောင်ဘက်ခြမ်းကနေ ရိုက်ကူးပြသထားတာမို့လို့ True-crime movie တွေကို စိတ်ဝင်စားတဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းလေးကတော့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး အဝေးပြေးလမ်းမပေါ်မှာ ပုံမှန်မဟုတ်ဘဲ မောင်းနှင်လာတဲ့ အမျိုးသမီးတစ်ယောက်ကို တက္ကဆက်ပြည်နယ် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာကနေ စတင်ထားတာပါ။ လမ်းဘေးမှာတင် ကလေးမွေးလာတာပါလို့ သွေးပျက်စရာကောင်းတဲ့ ဖိအားတွေကြားထဲကနေ လိမ်ညာထွက်ဆိုနေတဲ့ အဲဒီအမျိုးသမီးဟာ တကယ်တော့ ကိုယ်ဝန်အတုကြီးကို ၁၀ လလုံးလုံး ဟန်ဆောင်ပြီး ပတ်ဝန်းကျင်ကို လှည့်စားခဲ့တဲ့ တေလာ ပါကာ ပဲ ဖြစ်ပါတယ်။ သူဟာကိုယ်ဝန်တင်မကဘဲ သူ့ဘဝဇာတ်လမ်းတစ်ခုလုံးက အလိမ်အညာတွေနဲ့ ပြည်နှက်နေပြီးတော့ အဲဒီလိမ်ညာမှုကြီး ပေါက်ကွဲခါနီးအချိန်မှာတော့ သူမရဲ့သူငယ်ချင်းမလေးဖြစ်တဲ့ အမှန်တကယ် ကိုယ်ဝန်ရင့်မာရှိတဲ့ မိခင်လောင်းလေး ရေဂင် ဟန်ကော့ခ် ဆီကို ဦးတည်သွားခဲ့ပါတော့တယ်။ ပြီးတော့ မွေးကင်းစကလေးငယ်ကို ဝမ်းဗိုက်ထဲကနေ ရက်ရက်စက်စက် ခွဲစိတ်လုယူခဲ့တဲ့ ဇာတ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့ရဲ့ ရဲကားရှေ့ကင်မရာဗီဒီယိုဖိုင်တွေနဲ့အတူ လိမ်ညာမှုရဲ့ နောက်ဆုံးပိတ်နိဂုံးက ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကို စစ်မှန်တဲ့ တရားရုံးမှတ်တမ်းတွေနဲ့အတူ စိတ်လှုပ်ရှားစရာ တွေ့မြင်ရမှာပါ။ ဆိုတော့..."မိခင်ဗီဇ (Maternal Instinct)" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အတ္တနဲ့ လိမ်ညာမှုတွေ ပေါင်းစပ်သွားတဲ့အခါ ဘယ်လောက်အထိ ထိတ်လန့်စရာကောင်းတဲ့ လူတွေရဲ့ အမှောင်ခြမ်းကို ရောက်သွားနိုင်လဲဆိုတာကို ရင်တလှပ်လှပ်နဲ့ ခံစားချင်တယ်ဆိုရင်တော့ ဒီမှတ်တမ်းတင်ကားလေးက သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားပါပဲနော်။

ဇာတ်လမ်းအကြောင်း