Maggie
ဇာတ်လမ်းဟာ မာရီယာဆေးရုံမှာဖြစ်ပွားတဲ့ ထူးဆန်းတဲ့ကိစ္စရပ်တစ်ခုကနေ စတင်ထားပါတယ်။ တစ်နေ့မှာ ဆေးရုံရဲ့ X-ray အခန်းထဲမှာ ချစ်တင်းနှောနေတဲ့ စုံတွဲတစ်တွဲရဲ့ ဓာတ်မှန်ပုံတစ်ပုံ ပေါက်ကြားသွားပါတယ်။ ဒီကိစ္စကြောင့် ဆေးရုံတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး သူနာပြု ယွန်းယောင်းက ဒီဓာတ်မှန်ထဲကလူတွေဟာ သူနဲ့ သူ့ရဲ့ချစ်သူ ဆောင်းဝန်းတို့ ဖြစ်မယ်လို့ ထင်သွားပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မနက် ဆေးရုံကိုရောက်သွားတဲ့အခါ ယွန်းယောင်းနဲ့ ဆေးရုံရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာအီ တို့ကလွဲပြီး ကျန်တဲ့ဝန်ထမ်းတွေအားလုံး ဖျားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မဆင်းကြပါဘူး။ ဒေါက်တာအီကတော့ ဝန်ထမ်းတွေအားလုံးဟာ X-ray ဓာတ်မှန်ပိုင်ရှင်တွေဖြစ်လို့ လိမ်ပြီး အလုပ်မဆင်းတာလို့ သံသယဝင်နေပေမဲ့ ယွန်းယောင်းကတော့ လူတွေကို ယုံကြည်ကြည့်ဖို့ တိုက်တွန်းခဲ့ပြီး အကြောင်းမှန်ကိုသိရအောင် လိုက်စုံစမ်းကြပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဆိုးလ်မြို့တစ်ခွင်မှာ ကြီးမားတဲ့ မြေကျွံတွင်းကြီးတွေ အကြောင်းရင်းမရှိဘဲ ပေါ်လာပါတယ်။ အဲဒီအပြင် ယွန်းယောင်းဆီကို ဆောင်းဝန်းရဲ့ ချစ်သူဟောင်းရောက်လာပြီး ဆောင်းဝန်းဟာ အရင်က သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖူးတယ်လို့ ပြောပြတဲ့အခါမှာတော့ ယွန်းယောင်းရဲ့ စိတ်ထဲမှာ ချစ်သူအပေါ် ယုံကြည်မှုနဲ့ သံသယတွေ လွန်ဆွဲလာပါတော့တယ်။ ဒီကားဟာ သာမန်ရုပ်ရှင်တွေလို ပြဿနာတစ်ခုကို အဖြေရှာပြသွားတဲ့ ဇာတ်ကားမျိုး မဟုတ်ဘဲ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကနေတစ်ဆင့် ပရိသတ်ကို တွေးတောစရာတွေ ပေးသွားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း