Dridam
အေးချမ်းတိတ်ဆိတ်ပြီး ပြစ်မှုကင်းစင်တဲ့ ရွာလေးတစ်ရွာက ရဲစခန်းတစ်ခုဆီကို အတွေ့အကြုံမရှိသေးတဲ့ လူငယ်ရဲအရာရှိသစ်တစ်ယောက် တာဝန်ကျလာခဲ့ပါတယ်။ ဒါပေမဲ့ သူတာဝန်စတင်ထမ်းဆောင်ပြီး သိပ်မကြာခင်မှာပဲ ခြုံပုတ်တွေကြားထဲကနေ ပုပ်ပွနေတဲ့ အလောင်းတစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ရာကနေ ရွာလေးရဲ့အေးချမ်းမှုတွေ ရုတ်တရက် ပျက်သုဉ်းသွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒေသတွင်း ငွေရေးကြေးရေးကုမ္ပဏီကြီးတစ်ခု ဓားပြတိုက်ခံရမှုနဲ့အတူ နောက်ထပ် ထူးဆန်းတဲ့ လူသတ်မှုတွေပါ ဆက်တိုက်ဆိုသလို ထပ်ဖြစ်လာခဲ့ပါတယ်။ တစ်ခုနဲ့တစ်ခု မသက်ဆိုင်ဘူးလို့ ထင်ရတဲ့ ဒီဖြစ်ရပ်တွေနောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးတဲ့ မှုခင်းဇာတ်လမ်းတွေ ပုန်းကွယ်နေမလဲ... အထက်အရာရှိတွေရဲ့ ဖိအားပေးမှုတွေ၊ လုပ်ကြံဖန်တီးမှုတွေကြားထဲကနေ တရားခံအစစ်ကို ဖော်ထုတ်နိုင်မလားဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အချိတ်အဆက်မိတဲ့ ဇာတ်လမ်းသွားတွေ၊ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်။
ဇာတ်လမ်းအကြောင်း