ဇာတ်ကားများ ရွေးရန်

Still Sexy

2026ဇာတ်ကားWeb-dl 1080p

( အဓိကဇာတ်ဆောင်ရဲ့ အတွင်းစိတ်ကိုယ်ပွားနေရာမှာ သရုပ်ဆောင်တဲ့သူက အပြင်မှာလူကြီး​ကားတွေရိုက်တဲ့မင်းသမီးဖြစ်တဲ့အပြင် TV-MA Rating ဖြစ်နေလို့ ကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းတချို့နဲ့ အသုံးအနှုန်းတွေတော့ ပါဝင်ပါတယ်။ ) လူတစ်ယောက်ရဲ့ ဘဝမှာ ပျော်ရွှင်မှု အစစ်အမှန်ကိုရရှိဖို့အတွက် ဘာတွေလုပ်ဖို့လိုအပ်သလဲ။ မဒယ်လယ်နာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် တစ်အုပ်ကြောင့် နာမည်ကျော်ကြားနေတဲ့ စာရေးဆရာမတစ်ယောက်၊ သူ့ရဲ့ဘဝကို အားလုံးက ပြီးပြည့်စုံတယ်လို့ မြင်ကြလိမ့်မယ်၊ သူကိုယ်တိုင်လည်း အဲလိုပဲယူဆထားတယ်၊ ဒါပေမဲ့ အတွင်းနက်ထဲက မသိစိတ်ထဲမှာတော့ သူတကယ်ပျော်​မနေဘူး၊ သူပြီးပြည့်စုံတယ်လို့ ထင်ပြီး လုပ်နေတဲ့အရာတွေကြောင့် သူ့ရဲ့ပုံစံအစစ်အမှန်ကို ​ချောင်ထိုးထားရတယ် သူ့ကိုသိပ်ချစ်တတ်တဲ့ ခင်ပွန်းလောင်းရှိတယ်၊ မကြာခင်မှာ မင်္ဂလာဆောင်ရတော့မယ်၊ သူ့ရဲ့ဒုတိယမြောက်စာအုပ်ကို ထုတ်နိုင်ဖို့ ကြိုးစားနေတယ်၊ ဒါပေမဲ့ ယောက္ခမရဲ့ ပြီးပြည့်စုံတယ်လို့ထင်ရတဲ့ အကြိုက်တွေကို လိုက်လျောပေးရင်း သူ့ရဲ့တစ်စိတ်တစ်ပိုင်းက ပျောက်ဆုံးနေရတယ်၊ ဒုတိယမြောက်စာအုပ်အတွက်လည်း ဖိအားတွေနဲ့ ရေးဖို့အာရုံမစိုက်နိုင်ဘူးဖြစ်နေရတယ်၊ နောက်ဆုံး သူ့ခင်ပွန်းလောင်းနဲ့ အတူနေတဲ့အခါ အဆင်မပြေတာကိုတောင် ဖုံးကွယ်ထားရတယ် ဒီဇာတ်ကားက အီတလီကရိုက်ထားတဲ့ သာမန် အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ၊ ဒါပေမဲ့ ဒီကားထဲမှာ ပေးချင်တဲ့ message တွေ အများကြီး ပါဝင်နေတယ်၊ ပြီးတော့ နည်းနည်း ထူးခြားတဲ့ပုံစံတစ်ခုနဲ့ တင်ဆက်ပေးထားတယ်၊ အဲဒါက ဘာလဲဆိုတော့ အဓိကဇာတ်ဆောင် မဒယ်လယ်နာ ကို ဘဝနဲ့ပတ်သက်ပြီး လမ်းညွှန်မှုတွေပေးနေတဲ့သူက အပြင်မှာတကယ်ရှိတာမျိုးမဟုတ်ဘူး၊ ဇာတ်ဆောင်က ထင်ယောင်ထင်မှား မြင်ယောင်နေတာလို့ထင်ချင်လည်း ထင်လို့ရပေမဲ့ သူ့ရဲ့အတွင်းစိတ်ထဲက ဟန်ဆောင်မှုတွေကင်းတဲ့ သူကိုယ်တိုင်ရဲ့ ကိုယ်ပွားတစ်ယောက်လို့ပြောရင်ပိုမှန်လိမ့်မယ်၊ ဒါကြောင့် ဒီကားထဲမှာ အပေါ်ယံတွေနောက်ကိုလိုက်ပြီး ကိုယ့်ပုံစံအစစ်ကိုပျောက်ဆုံးနေတဲ့ အဓိကဇာတ်ဆောင်နဲ့ အစစ်အမှန်ပုံစံအတိုင်း ပျော်ပျော်နေစေချင်တဲ့ သူ့ရဲ့အတွင်းစိတ်ကိုယ်ပွားတို့ရဲ့ အားပြိုင်မှုကို ဟာသလေးတွေနဲ့ တွေ့ရပါလိမ့်မယ်၊ လူရယ်လို့ဖြစ်လာရင် လူ့ဘောင်လောကရဲ့သတ်မှတ်ချက်တွေနောက်ကို လိုက်ရင်း ပြီးပြည့်စုံအောင်နေဖို့ထက် တကယ့်ပျော်ရွှင်မှုအစစ်ကိုရဖို့က ပို​အရေးကြီးကြောင်း၊ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ်ဖြစ်ချင်တဲ့အရာတွေက အရေးကြီးပြီး ကိုယ့်ကိုယ်ကိုယ် မလိမ်ညာဘဲ ရိုးသားသင့်ကြောင်း ယူတတ်ရင် ဘဝသင်ခန်းစာတွေအများကြီးရမဲ့ ပေါ့ပေါ့ပါးပါးအချစ်ဟာသ ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း