ဇာတ်ကားများ ရွေးရန်

Karuppu

2026ဇာတ်ကားWeb-dl 1080p

တရားဥပဒေဆိုတာ အမှန်တကယ်ပဲ တရားမျှတမှု ရှိရဲ့လား။ ဒါမှမဟုတ် ငွေကြေးနဲ့ အာဏာရှိသူတွေအတွက်ပဲ အလုပ်လုပ်ပေးနေတဲ့ စနစ်တစ်ခုလား ဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာစေမဲ့ အက်ရှင်ဒရာမာ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ အသည်းအသန် နေမကောင်းဖြစ်နေတဲ့ သမီးလေးရဲ့ အသက်ကယ် ခွဲစိတ်မှုအတွက် လိုအပ်နေတဲ့ ရွှေတွေကို ရထားပေါ်မှာ အခိုးခံလိုက်ရတဲ့ ဖခင်တစ်ယောက်ရဲ့ အဖြစ်ကနေ စတင်ထားပါတယ်။ ရဲတွေက ရွှေကို ပြန်ရှာတွေ့ခဲ့ပေမဲ့လည်း တရားရုံးရဲ့ ရှုပ်ထွေးလှတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ လာဘ်စားမှုတွေနဲ့ အကျင့်ပျက် ဥပဒေရေးရာစနစ်ကြီးကြားထဲမှာ ဘာမှမတတ်နိုင်တဲ့ ဖခင်တစ်ယောက် ရုန်းကန်ရင်း ပိတ်မိသွားတဲ့အခါ ပရိသတ်တွေကိုပါ ရင်တမမနဲ့ စိတ်လှုပ်ရှားလာအောင် ဆွဲခေါ်သွားနိုင်ပါတယ်။ ဥပဒေရဲ့ နှောင့်နှေးကြန့်ကြာမှုတွေအောက်မှာ အပြစ်မဲ့ပြည်သူတွေ မျက်ရည်ကျနေရချိန်၊ အကျင့်ပျက် ရှေ့နေတွေနဲ့ အာဏာပိုင်တွေက ဥပဒေကို သူတို့စိတ်ကြိုက် ကစားနေချိန်မှာတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပါတယ်။ မတရားမှုတွေ အထွတ်အထိပ်ရောက်နေတဲ့ တရားခွင်ထဲကို ရိုးရာယုံကြည်မှုတွေထဲက ဒေသခံ အစောင့်အရှောက် နတ်မင်းကြီးရဲ့ ကိုယ်ပွားလိုမျိုး ပြင်းထန်ကြမ်းကြုတ်တဲ့ အင်အားကြီးမားသူတစ်ယောက် ရောက်ရှိလာတဲ့အခါ... ဥပဒေက မပေးနိုင်တဲ့ တရားမျှတမှုကို သူက ဘယ်လိုနည်းလမ်းတွေနဲ့ ကြမ်းကြမ်းရမ်းရမ်း ဖော်ဆောင်သွားမလဲ၊ အကျင့်ပျက်စနစ်ကြီးကို ဘယ်လို ရင်ဆိုင်ဖြိုခွဲသွားမလဲဆိုတာကို အက်ရှင်အပြည့်၊ ဒေါသအပြည့်နဲ့ ကြည့်ရှုရမဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း