ဇာတ်ကားများ ရွေးရန်

The Death Curse

2003ဇာတ်ကားWeb-dl 1080p

အခုတစ်ခေါက် ဇာတ်ကားလေးကတော့ Horror နဲ့ Comedy ကို ပေါင်းစပ်ထားတဲ့ The Death Curseဆိုတဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ သေဆုံးသွားပြီးနောက် မတူညီတဲ့ အမေတွေကနေ မွေးဖွားလာတဲ့ မောင်နှမ ရှစ်ယောက်က ပိုင်ဆိုင်မှု အမွေတွေကို ခွဲဝေယူဖို့ စည်းကမ်းချက်တွေနဲ့ လျှိုဝှက်ဆန်းကြယ်တဲ့ အိမ်ကြီးကို ရောက်လာကြပါတယ်။ ဒီဖအေတူမအေကွဲ မောင်နှမ ရှစ်ယောက်က အမွေတွေကို လာယူရာမှာ လွယ်လွယ်နဲ့တော့မရပါဘူး ဖခင်ကြီးရဲ့ သေတမ်းစာမှာ ပြောထားသလို ဒီမောင်နှမတစ်တွေက အလှည့်ကျ သန်းခေါင်ယံရောက်တာနဲ့ သူတို့ဖခင်အလောင်းကို အမွှေးတိုင် ထွန်းပေးရမှာပါ ဒီလို သန်းခေါင်ယံရောက်တိုင်း အမွှေးတိုင်ကို မပျက်မကွက် ၇ပတ်တိုင်တိုင် ၄၉ရက် ထွန်းပေးရမှာပါ ပျက်ကွက်ရင် အမွေ တပြားမှ ရမှာ မဟုတ်ပါဘူး ရှေးဟောင်းအိမ်ကြီးမှာ ညရောက်ရင် ထူးဆန်းတာတွေ ဖြစ်တတ်ပါတယ် ဒီအဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေတာလဲ ဒီမောင်နှမ ရှစ်ယောက်ကရော အမွေတွေ ရယူနိုင်မှာလား အိမ်ကြီးထဲက လူသေမှု ရှုးသွပ်မှုတွေကရော သွေးရိုးသားရိုး ဟုတ်ရဲ့လား အရမ်းကြီးကြောက်နေရမှာ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး နဲ့ ကြည့်ရှုရမယ့် ဒီကား​လေးဟာ အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ စိတ်ဝင်စားစရာ ဟောင်ကောင်ရုပ်ရှင် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း