Keep Cool
ဒီဇာတ်ကားဟာ သာမန်လူသားနှစ်ယောက်ကြားက စိတ်ဝိညာဉ်ချင်း ထိတွေ့မိပုံနဲ့ လက်စားချေခြင်း အကြမ်းဖက်မှုနောက်ကွယ်က လူသားဆန်မှုတွေကို ရင်နင့်စရာ ရိုက်ကူးပြထားတဲ့ Drama Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ "ငါ့မှာ ထွက်ပေါက်တစ်ခုပဲ ရှိတော့တယ်!" လို့ အော်ဟစ်ရင်း အမှောင်လမ်းကို ရွေးချယ်ပြီး လူသတ်ဖို့အထိ ဆုံးဖြတ်ထားတဲ့ သတ္တိပဲရှိပြီး ဉာဏ်မရှိတဲ့ လူငယ်တစ်ယောက်။ သူ ရွေးချယ်ထားတဲ့ လမ်းမှားကြီးထဲကနေ ရုန်းထွက်နိုင်အောင်၊ အမှားမလုပ်မိအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်လံတားဆီးပေးနေတဲ့ စိတ်ကူးယဉ်ဆန်ပြီး သတ္တိနည်းတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်။ သူတို့နှစ်ယောက်ဟာ မမျှော်လင့်ဘဲ ဆုံတွေ့မိရာကနေ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်တဲ့ "ခေါင်းနဲ့ကိုယ်ထည်" လို ဖြစ်လာခဲ့ကြပါတယ်။ လူငယ်လေးက သူ့ကို ရောင်းစားသွားတယ်ဆိုပြီး သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ တကယ်တော့ ထိုအမျိုးသားကြီးဟာ လူငယ်လေးရဲ့ဘဝ မပျက်စီးသွားစေဖို့အတွက် လူအများကြားမှာ အရှက်အကွဲခံ၊ အရူးအလုပ်ခံ၊ နှာဗူးအလုပ်ခံပြီး ရဲခေါ်ဖို့ ကြိုးစားခဲ့တာပါ။ "နင် ငါ့ကို သတ်လိုက်ရင်သတ် မသတ်ရင်တော့ ငါက အဆုံးထိ ဆက်လုပ်သွားမှာ" အမုန်းတရားတွေနဲ့ အဆုံးထိ သွားမယ့် လူငယ်လေးကို "ငါက နင့်နောက်ကို လိုက်နေတာ နင့်အတွက် သက်သက်ပဲ၊ ငါ နင့်ကို ကူညီချင်ရုံ သက်သက်ပါ" ဆိုပြီး စေတနာအရင်းခံနဲ့ ကယ်တင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားကြီးရဲ့ မေတ္တာတရားက အောင်မြင်သွားမလား? သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း