ဇာတ်ကားများ ရွေးရန်

Contact

1997ဇာတ်ကားBlu-ray 1080p

“တည်ရှိနေကြောင်း သက်သေမပြနိုင်တဲ့အရာတွေက စိတ်ကူးယဉ်သက်သက်ပါပဲ” သိပ္ပံပညာရှင်တွေ အခုထိ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်သေးတဲ့အရာတွေထဲမှာ ဂြိုဟ်သားတွေလည်း ပါပါတယ်။ အာကာသ‌ထဲက တခြားဉာဏ်ရည်မြင့် သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်ဖို့က သူတို့ရဲ့ အကြီးမားဆုံး ဆန္ဒ တစ်ခုဖြစ်ပြီး အယ်လီအတွက်လည်း အတူတူပါပဲ။ ငယ်စဉ်ကတည်းက မြင့်မားတဲ့ ဉာဏ်ရည်နဲ့ အရာရာကို မေးခွန်းထုတ်တတ်တဲ့ ကျိုးကြောင်းဆီလျော်ပြီး မျက်စိနဲ့ မြင်ရတဲ့အရာကိုပဲ ယုံကြည်တဲ့ ရည်မှန်းချက်ကြီးလွန်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့အသက်နဲ့ ရင်းပြီးတောင် ရှာဖွေချင်တဲ့ “ လူသားတွေက ဘယ်ကရောက်လာလဲ? ဘယ်လိုရည်ရွယ်ချက်တွေနဲ့လဲ?” အစရှိတဲ့ မေးခွန်းတွေကို တစ်ရက်မှာတော့ ကောင်းကင်က ပြန်ဖြေပေးခဲ့ပါတယ်။ အာကာသထဲက ပို့လွှတ်လိုက်တဲ့ ဆူညံသံတစ်ခုနဲ့ စွမ်းဆောင်ရည်မြင့် ရုပ်သံတစ်ခုက သူ့ကိုသာမက တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်ချောက်ချားသွားစေပါတယ်။ ဘာသာရေးသမားတွေကတော့ ဘုရားသခင်ရဲ့ သတင်းစကား တချို့ကတော့ ကမ္ဘာမြေကို ကျူးကျော်မဲ့ ခြိမ်းခြောက်စာ စသည် ထင်မြင်ချက်တွေထဲမှာ အယ်လီကတော့ သူ့မေးခွန်းတွေအတွက် အဖြေရတော့မှာမို့ စိတ်လှုပ်ရှားနေခဲ့တာပါ။ ဒီရလာတဲ့ ပို့လွှတ်ချက်ကို အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာ ဘာမှန်း မသိရတဲ့ စက်တစ်မျိုးရဲ့ တည်ဆောက်ရေး ပုံစံ ဖြစ်နေခဲ့ပါတယ်။ ဒီစက်က ဘာအတွက်လဲ? ဒီပုံကြမ်းကို ပို့လိုက်ရတဲ့ ရည်ရွယ်ချက်ကရော တကယ်တော့ ဘာများ ဖြစ်မလဲ? အယ်လီရော အသက်နဲ့ ရင်းပြီးတောင် ရှာဖွေချင်ခဲ့တဲ့ မေးခွန်းတွေရဲ့ အဖြေကို သိနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ပရိသတ်ကြီး ကိုယ်တိုင်ပဲ ရင်ခုန် အဖြေရှာ ကြည့်ရှု့နိုင် တင်ဆက်ပေးလိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း