ဇာတ်ကားများ ရွေးရန်

The Third Way of Love

2015ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ မင်းသမီး Liu Yifeiနဲ့ မင်းသားSong Seung-heonတို့ပါဝင်သရုပ်ဆောင်ထားတဲ့ The Third Way of Love (第三种爱情) ဆိုတဲ့ Romantic Dramaကားလေကို တင်ဆက်ပေးလိုက်ပါတယ်နော်။ "လောကမှာ အချစ်သုံးမျိုးရှိတယ်တဲ့ တချို့အချစ်တွေက ချစ်ခဲ့တယ်...ဒါပေမယ့် မပိုင်ဆိုင်နိူင်ဘူး... တချို့လူတွေက ဘဝထဲရောက်လာဖို့ပဲ ရည်ရွယ်ထားပြီး အတူရှိနေဖို့တော့မဟုတ်ခဲ့ဘူးလေ" ဇာတ်လမ်းအကျဉ်း အောင်မြင်တဲ့ရှေ့နေကျိုးယွဲ့ဟာ ဒါရိုက်တာလင်ချီကျန်း နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။မတူညီတဲ့ ဘဝနောက်ခံနဲ့ လူမှုအဆင့်အတန်းကြားက ကွာခြားချက်တွေရှိပေမယ့် သူတို့နှစ်ဦးဟာတဖြည်းဖြည်း ချစ်မိသွားခဲ့ပါတယ်။သို့သော် အချစ်တစ်ခုတည်းနဲ့ ဘဝကို ဆုံးဖြတ်လို့မရတဲ့အခြေအနေတွေ မိသားစုတာဝန်တွေ လက်တွေ့ဘဝရဲ့ဖိအားတွေက သူတို့နှစ်ဦးရဲ့ အချစ်လမ်းခရီးကို အခက်အခဲမျိုးစုံနဲ့ ပြည့်နှက်စေခဲ့ပါတယ်။ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ ကျိုးယွဲ့နဲ့လင်ချီကျန်းတို့ရဲ့ အချစ်နဲ့ တာဝန်၊ ဆန္ဒနဲ့ လက်တွေ့ဘဝကြားမှာရွေးချယ်ရမယ့် လူနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ရိုမန်တစ်ဆန်ဆန် ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒဏ္ဍာရီပုံပြင်တွေထဲမှာ အချစ်ရဲ့နည်းလမ်း သုံးမျိုးရှိတယ်တဲ့ ပထမတစ်မျိုးက "ပျော်ရွှင်စွာပေါင်းဖက်ခွင့်ရတာ" ဒုတိယတစ်မျိုးက "အချင်းချင်းလုံးဝမေ့ပစ်လိုက်ပြီး လွတ်လပ်စွာရှင်သန်တာ" တတိယတစ်မျိုးကတော့... အချစ်တွေထဲမှာ အနာကျင်ရဆုံးနဲ့ ဝမ်းနည်းစရာအကောင်းဆုံးဖြစ်တဲ့ "အတူတကွ မရှိနိုင်တော့ပေမယ့် နှလုံးသားထဲမှာတော့ ထာဝရသိမ်းထားတဲ့အချစ်တဲ့...." ဒီဇာတ်ကားလေးဟာဆိုရင်တော့ မင်းသမီး Liu Yifeiနဲ့ မင်းသားSong Seung-heonတို့ရဲ့ လက်တွေ့ဘဝမှာပါ ချစ်သူတွေဖြစ်လာဖို့အကြောင်းဖန်ခဲ့တဲ့နာမည်ကျော်ဇာတ်ကားလေးဖြစ်တာကြောင့် ရင်နင့်စွာနဲ့ ကြည့်ရှုခံစားပေးကြပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း