ဇာတ်ကားများ ရွေးရန်

Lucky Number Slevin

2006ဇာတ်ကားBlu-ray 1080p

မင်းသားကြီးတွေနဲ့ အပီကြမ်းမဲ့ ပလော့တွစ် အကြမ်းစားနဲ့ အက်ရှင် ဇာတ်ကားကောင်း Bruce Wills,Morgen freeman, Ben Kingsley, Josh Hartnett , Lucy Liu အစရှိသည့် နာမည်ကြီး မင်းသား မင်းသမီးများကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်း ဇာတ်လမ်းအကျဉ်း “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံလိုပဲ ကံဆိုးသူ မောင်ရှင်လေး စလက်ဗင်တစ်ယောက် ထီးမပါတဲ့ နေ့မှာ မိုးမိပါတော့တယ်။ အလုပ်ကပြုတ်၊ တိုက်ခန်းကနေ မောင်းချခံရ၊ ရည်းစားကလည်း ဖောက်ပြန်နဲ့ ဒါတင် မကသေးဘဲ စိတ်လွတ်လက်လွတ် သူငယ်ချင်းဆီ သွားနေမှ သူငယ်ချင်းအစား လူမှားပြီး လောင်းကစားကြွေးတွေ ဒေါ်လာ သောင်းနဲ့ချီ ဆပ်ပေးရဖို့ ဖြစ်လာပါတော့တယ်။ အကြွေးရှင်တစ်ယောက်က လူတစ်ယောက်ကို သတ်ပေးရင် သူ့အကြွေးတွေကို ချေပေးမယ်လို့ ကမ်းလှမ်းလာပါတော့တယ်။ ဒါနဲ့ စလက်ဗင်လည်း “တုံးတိုက်တိုက် ကျားကိုက်ကိုက်” ဆိုပြီး လူသတ်ဖို့ ကြံစည်လိုက်ပါတော့တယ်။ ဒါပေမဲ့ ကိစ္စတွေက ဒီလောက် ရိုးရှင်း မနေခဲ့ပါဘူး။ နှံကောင်က ပိုးကောင်ကို ချောင်းနေတဲ့အချိန် ငှက်က နှံကောင်ကို ပြန်ချောင်းနေခဲ့တာပါ။ ဒါပေမဲ့ ဘုရားသခင်က စလက်ဗင်အတွက် ဘေးကနေ ကူညီပေးဖို့ စုံထောက် လုပ်ရတာ ကြိုက်တဲ့ မှုခင်းဆရာဝန်မလေး လင်ဆေးကို ပို့ပေးခဲ့ပါတယ်။ အများကြီး သိလာလေ ပြဿနာက ထင်သလောက် မရိုးရှင်းမှန်း သိလာလေ အခါမှာ သူတို့ နှစ်ယောက်ပေါင်းပြီး ဒီကိစ္စကို ဖြေရှင်း သွားနိုင်မလား? စလက်ဗင်တစ်ယောက် အခုလို ဘေးကျပ်နံကြပ် အခြေအနေမှာ ဘာလုပ်မလဲ? လောကကြီးမှာ တိုက်ဆိုင်မှုဆိုတဲ့ အရာကရော တကယ်ရှိရဲ့လား? တကယ့်တော့ ဒီကိစ္စတွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကြိုတင်စီစဉ်ထားတဲ့ ပလန်တစ်ခု ဆိုရင်ရော? အက်ရှင်ကားကောင်း ကြိုက်နှစ်သက်‌သူတွေအတွက် တကယ်ကို သည်းထိတ်ရင်ဖို လိုက်ပါ ကြည့်ရှု့ရမဲ့ Old but Gold ကားကောင်းလေး တစ်ကားမို့ ကြည့်ရှု့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း