Tha Rae: The Exorcist
အခုတစ်ခေါက် ဇာတ်ကားလေးကတော့ The Rae The Exorcistဆိုတဲ့ Horror အမျိုးအစား ထိုင်းသရဲကားလေးပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက အကြီးဆုံး ကက်သလစ်ရွာဖြစ်တဲ့ ထာ့ရဲရွာလေးတစ်ရွာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်က သရဲကြီး ပြန်ပေါ်လာပြီး ရွာသူတစ်ယောက်ကို ဝင်ပူးကာ တစ်ရွာလုံး ထိတ်လန့်ကြောက်ရွှံ့မှုတွေ ကြုံနေရပါတယ်။ ရိုးရာဓလေ့နည်းလမ်းတွေနဲ့ နတ်ကတော်တစ်ယောက်က သရဲနှင်ပေးပေမယ့် မအောင်မြင်ဘဲ ပိုဆိုးသွားခဲ့ပါတယ်။ ဒါကြောင့် ခရစ်ယာန်ဂိုဏ်းချုပ်ကနေ ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဖာသာပေါင်လိုကို အဲဒီရွာကို စေလွှတ်ကာ ရွာရဲ့ ပြဿနာကို ဖြေရှင်းခိုင်းပါတယ်။ ဒါပေမဲ့ ဖာသာ့မှာလည်း အတိတ်က အမှားတွေ မိခင်ဖြစ်သူရဲ့ သေဆုံးမှုတွေကနေ အရှုပ်ထုပ်ထဲ ဝင်မိပြီး သရဲနှင်ရာမှာ အဆင်မပြေ ဖြစ်နေပါတယ် ဒီလိုနဲ့ လမ်းလွဲနေတဲ့ နတ်ကတော်နဲ့ အတိတ်အမှားကြောင့် ဘုရားသခင်ထံကနေ ခွင့်လွှတ်မှု တောင်းခံနေတဲ့ ဘုန်းတော်ကြီးတို့ ပူးပေါင်းကာ ရွာရဲ့ဒုက္ခကို ကယ်တင်ရာမှာ ဘာတွေဖြစ်လာမှာလဲ.... ဘုန်းတော်ကြီးနဲ့ နတ်ဆရာတို့က သရဲပူးခံနေရတဲ့ ရွာသူလေး မာလီကို ကယ်တင်နိုင်ပါ့မလား... ဒီလိုစိတ်ဝင်စားစရာတွေနဲ့ အရှေ့မြောက်ပိုင်းဒေသရဲ့ ဘာသာရေး ယုံကြည်မှု သရဲနှင်ထုတ်ပုံတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ ထိုင်းဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း