ဇာတ်ကားများ ရွေးရန်

Closer to Heaven

2009ဇာတ်ကားWeb-dl 1080p

ဒီကားဟာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိသတ်တွေကို မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့တဲ့ ရင်နင့်ဖွယ် ကိုရီးယား Melodrama ရုပ်ရှင်ကားကြီး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူးဂဲရစ်ရောဂါ (ALS - ကြွက်သားအားနည်းပြီး တဖြည်းဖြည်း လေဖြတ်သွားသည့်ရောဂါ) ကို ခံစားနေရတဲ့ ဂျုံဝူးနဲ့ နာရေးကူညီမှုလုပ်ငန်း လုပ်ကိုင်သူ ဂျီဆူးတို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။ ဂျုံဝူးဟာ သူ့ရဲ့ရောဂါကြောင့် ဘဝကို လက်လျှော့ထားသလို ဖြစ်နေပေမဲ့ ငယ်ချစ်ဖြစ်သူ ဂျီဆူးနဲ့ ပြန်လည်ဆုံတွေ့ချိန်မှာတော့ သူတို့နှစ်ဦးကြားထဲမှာ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ အိမ်ထောင်ရေးကံမကောင်းဘဲ နှစ်ကြိမ်တိုင်တိုင် ကွာရှင်းထားရတဲ့ ဂျီဆူးဟာ ဂျုံဝူးရဲ့ ရောဂါအခြေအနေကို သိရှိထားပေမဲ့လည်း သူ့အနားမှာပဲ အဖော်ပြုပေးဖို့ ဆုံးဖြတ်ပြီး လက်ထပ်ခဲ့ကြပါတယ်။ ရောဂါအခြေအနေ တဖြည်းဖြည်း ဆိုးရွားလာပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမရတော့တဲ့အထိ ဖြစ်လာတဲ့ ဂျုံဝူးနဲ့ သူ့အပေါ် နောက်ဆုံးအချိန်အထိ မေတ္တာမပျက်ဘဲ ပြုစုစောင့်ရှောက်ပေးမဲ့ ဂျီဆူးတို့ရဲ့ စိတ်မကောင်းဖွယ်ရာ ရုန်းကန်ရမှုတွေကို ရင်နင့်စဖွယ် ပုံဖော်ထားပါတယ်။ ဒီကားမှာ မင်းသားကြီး Kim Myung-min ဟာ ALS ဝေဒနာရှင်တစ်ယောက်ရဲ့ ပုံစံအစစ်အမှန်အတိုင်း ပေါ်လွင်စေဖို့အတွက် ကိုယ်အလေးချိန်ကို ၂၀ ကီလိုဂရမ်ကျော်အထိ ဝိတ်အကျခံခဲ့ပါတယ်။ ဇာတ်လမ်းပြီးခါနီးအချိန်မှာ သူ့ရဲ့ ပိန်လှီခြောက်ကပ်သွားတဲ့ ခန္ဓာကိုယ်ပုံစံဟာ ပရိသတ်တွေကို တကယ့်ကို တုန်လှုပ်ဝမ်းနည်းစေခဲ့ပြီး ဒီဇာတ်ရုပ်ကြောင့်ပဲ Blue Dragon Film Awards နဲ့ Baeksang Arts Awards တို့မှာ အကောင်းဆုံးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မင်းသမီး Ha Ji Wonဟာလည်း ဒီဇာတ်ကားနဲ့ပဲ Blue Dragon Film Awards ရဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကိုပါ ရရှိခဲ့ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း