ဇာတ်ကားများ ရွေးရန်

The Scam

2006ဇာတ်ကားWeb-dl 1080p

ဂန်ဟျွန်းဆူဟာ သာမန်လူငယ်လေးတစ်ယောက်ဖြစ်ပြီး စတော့ရှယ်ယာဈေးကွက်မှာ ရှိသမျှပိုက်ဆံတွေ အကုန်ရှုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ စတော့ရှယ်ယာအကြောင်းကို ၅ နှစ်တိတိ အသေအချာလေ့လာပြီး ကျွမ်းကျင်တဲ့ Day Trader တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လူမိုက်ဂိုဏ်းခေါင်းဆောင်ဟောင်း ဟွမ်ဂျုံးဂုတို့အဖွဲ့ရဲ့ အကွက်ဆင်ထားတဲ့ စတော့ရှယ်ယာကစားပွဲတစ်ခုကို မသိဘဲ ဝင်နှောင့်ယှက်မိရာကနေ ပြဿနာစပါတော့တယ်။ ဟွမ်ဂျုံးဂုက သူ့ကိုသတ်မဲ့အစား စတော့ရှယ်ယာလိမ်လည်မှုကြီးတစ်ခုမှာ ပါဝင်ဖို့ အကျပ်ကိုင်ခိုင်းစေခဲ့ပါတယ်။ ငွေကြေးခဝါချသူတွေ၊ လျှို့ဝှက်ရင်းနှီးမြှုပ်နှံသူတွေနဲ့ လူလည်တွေစုပြီး အကွက်ဆင်ကြတဲ့အခါ လောဘတွေနောက်ကွယ်က သစ္စာဖောက်မှုတွေကို ဆက်တိုက်မြင်တွေ့ရမှာပါ။ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတွေက မြန်ဆန်လွန်းတာကြောင့် နောက်ဆုံးမှာ ဘယ်သူက အနိုင်ရသွားမလဲ? ဘယ်သူက သစ္စာဖောက်သွားမလဲဆိုတာကို ဇာတ်သိမ်းအထိ ရင်တမမနဲ့ ခန့်မှန်းရခက်အောင် တင်ဆက်ထားပါတယ်။ စတော့ရှယ်ယာဈေးကွက်ရဲ့ အမှောင်ဘက်ခြမ်းကို စိတ်လှုပ်ရှားဖွယ် မှုခင်းဇာတ်လမ်းအဖြစ် ရိုက်ကူးထားတာဖြစ်လို့ Crime/Thriller အမျိုးအစား ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း