Splash
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ယခုတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1984 ခုနှစ်က ထွက်ရှိခဲ့တဲ့ Splash ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဇာတ်ကားကြည့်ရတာကို နှစ်သက်သူတွေ မသိသူမရှိတဲ့ ကမ္ဘာကျော်သရုပ်ဆောင်မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင် ပါ၀င်သရုပ်ဆောင်ထားတာမို့ အထူးတလည်ညွှန်းပေးစရာမလိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အစမှာတော့ အယ်လန်တို့ မိသားစုဆိုဟာ ကိတ်ကော့ဒ်ဆိုတဲ့ကျွန်းဆွယ်လေးမှာ အပန်းဖြေခရီးထွက်နေတာပါ။ ဒါပေမယ့် ရုတ်တရက် အယ်လန်ဟာ သင်္ဘောပေါ်ကနေ ပင်လယ်ထဲကို ပြုတ်ကျသွားတဲ့အချိန်မှာ ရေထဲမှာ ကောင်မလေးတစ်ယောက်ကို မြင်လိုက်ပါတယ်။ ဒါပေမယ့်ငယ်ရွယ်သေးတဲ့အယ်လန်ရဲ့စကားကို ဘယ်သူ့မှမယုံပဲ ဒီတိုင်းပြီးသွားပါတယ်။ ဒီလိုနဲ့ အယ်လန်အရွယ်ရောက်လာတဲ့အခါ အဖေဖြစ်သူရဲ့လုပ်ငန်းဖြစ်တဲ့သစ်သီးဒိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်ပါတော့တယ်။ အစ်ကိုဖြစ်သူဖရက်ဒီကတော့ မိန်းမလိုက်စားပြီး မိန်းမကျမ်းကြေနေပေမယ့် အယ်လန်ကတော့ relationship တစ်ခုကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုတောင် မသိတဲ့လူတစ်ယောက်ပါ။ သူ့နှလုံးသားက မခံစားတတ်ဘူးလို့ အယ်လန် တွေးထားပေမယ့် ဘ၀အတွက် အမျိုးသမီးတစ်ယောက်ကိုတော့ အသည်းအသန်လိုချင်နေတဲ့သူပါ။ ဒါနဲ့ပဲ သူ ငယ်ငယ်က မတော်ဆဆဖြစ်ခဲ့တဲ့ကိတ်ကော့ဒ်ကျွန်းဆွယ်ဆီကို ပြန်သွားတဲ့အချိန်မှာ ကံဆိုးပြီး လှေနစ်ပါတော့တယ်။ ဒါပေမယ့် အယ်လန် သတိရလာတဲ့အခါမှာ ဘေးကိုကြည့်လိုက်တော့ ကုန်းပေါ်ရောက်နေပြီး ရေစပ်နားမှာ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယါ။ အယ်လန်ကတော့ အဲ့အမျိုးသမီးကို သူ့ကို ကယ်ခဲ့တာလားလို့ မေးလိုက်ပေမယ့် အမျိုးသမီးကတော့ ပင်လယ်ထဲပြန်လည်ကူးခတ်သွားပါတယ်။ ဒီတော့အယ်လန်လည်း သူ့ရဲ့မြို့ဆီကို ပြန်သွားပြီး ရက်အနည်းငယ်အကြာမှာ ရဲစခန်းက သူ့ရဲ့ပိုက်ဆံအိတ်ကို ကိုင်ထားတဲ့ ကိုယ်လုံးတီးအမျိုးသမီးကို တွေ့ထားတယ်လို့ဖုန်းဆက်တဲ့အခါမှာတော့ အယ်လန်လည်း အလောတကြီးလိုက်သွားပါတော့တယ်။ အဲ့မှာ သူ့ကို ကယ်ခဲ့တဲ့အမျိုးသမီးကို တွေ့လိုက်ရတဲ့အချိန်မှာအယ်လန် အရမ်းပျော်သွားပြီး လက်ထပ်ဖို့တောင် စိတ်ကူးလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ဒေါက်တာကွန်ဘလုလို့ခေါ်တဲ့ သိပ္ပံပညာရှင်ဟာ ရေသူမတွေရှိကြောင်းကို သက်သေပြချင်တဲ့သူတစ်ယောက်ပါ။ဒါပေမယ့် အခြားလူတွေကတော့ သူ့ကို ရူးနှမ်းနေတဲ့သူလို့ပဲ စွပ်စွဲပြောဆိုနေကြတာပါ။ အယ်လန်ကတော့ အမျိုးသမီးကို ရဲစခန်းကနေခေါ်လာပြီး အကြောင်းစုံကိုမေးမြန်းပေမယ့် ဟိုက စကားတောင်ပြောတတ်ပုံမပေါ်ပါဘူး။ ဒါပေမယ့် ထူးဆန်းစွာပဲ တစ်နေ့လည်ခင်းထဲနဲ့ အဲ့အမျိုးသမီးဟာ တီဗီကနေ အင်္ဂလိပ်စကားကို သင်ယူလိုက်နိုင်ပါတယ်။ အယ်လန်ကတော့ အဲ့ဒါကိုသိသွားတဲ့အခါ အံ့ဩသွားပြီး သူ့နာမည်က မေးလိုက်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာစကားနဲ့ဆို သူ့နာမည်ကို ပြောလို့မရဘူးလို့ဆိုတဲ့အတွက် အယ်လန်လည်း အဲ့အမျိုးသမီးကို မက်ဒီဆင်လို့ အမည်ပေးလိုက်ပါတယ်။ မက်ဒီဆင်က သူဟာ အယ်လန်နဲ့အတူနေဖို့အတွက် ၇ရက်အချိန်ရကြောင်း အဲ့ဒါပြီးရင်တော့သူ့နေရပ်ကို ပြန်ရမယ်လို့ပြောပါတယ်။ ဒါကို အယ်လန်က မက်ဒီဆင်ရဲ့သရုပ်မှန်ကို မသိပဲ အခြားနိုင်ငံကနေလာတာကြောင့် ဗီဇာမရှိလို့ဖြစ်မယ်ဆိုပြီး ထင်နေတာပါ။ အဲ့အချိန် မက်ဒီဆင်ကို ကိုယ်လုံးတီးနဲ့ကမ်းခြေမှာတွေ့တယ်ဆိုတဲ့သတင်းဟာ သတင်းစာထဲမှာပါလာပါတယ်။ဒီသတင်းကို တွေ့သွားတဲ့ ဒေါက်တာကွန်ဘလုဟာ မက်ဒီဆင်က ရေသူမဆိုတာကို သိသွားပြီး သူ့ရဲ့သရုပ်မှန်ကို လူတွေသိအောင် ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း မိန်းမမွှန်နေတဲ့အယ်လန်ဟာ မက်ဒီဆင်ကို လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ ဒါပေမယ့် မက်ဒီဆင်ကတော့ သူ့မှာ အယ်လန်ကို မပြောပြရသေးတဲ့လျှို့ဝှက်ချက်ကြီးရှိတယ်လို့ပြောလိုက်ပါတယ်။ ဒါနဲ့ အယ်လန်လည်း မရရအောင် ဇွတ်မေးတဲ့အတွက် မက်ဒီဆင်ပြောပြဖို့လုပ်နေတဲ့အချိန်မှာပဲ ဒေါက်တာကွန်ဘလုဟာ မက်ဒီဆင်ကို ရေပိုက်နဲ့ကောက်ပိုက်လိုက်ပါတော့တယ်။ အဲ့မှာပဲ လူမြင်ကွင်းရှေ့မှာတင် မက်ဒီဆင်တစ်ယောက် ရေသူမအဖြစ်ပြောင်းလဲသွားပါတော့တယ်။ ဒါကို မြင်လိုက်ရတဲ့အယ်လန်ကလည်း ထိတ်လန့်သွားပါတော့တယ်။ အစပိုင်းမှာ မက်ဒီဆင်ကော အယ်လန်ကိုပါ သိပ္ပံပညာရှင်တွေက ဝိုင်းစစ်ဆေးကြပါတယ်။ ဒါပေမယ့် အယ်လန်က လူသားမှန်းသေချာသွားတဲ့အခါမှာတော့ လွှတ်ပေးလိုက်ပါတော့တယ်။ အယ်လန်ကတော့ နောက်ဆုံး သူချစ်မိသွားတဲ့အမျိုးသမီးက ရေသူမဖြစ်နေလို့ဆိုပြီး ကြေကွဲနေပါတော့တယ်။ ဒါပေမယ့် သူ့အစ်ကို ဖရက်ဒီက အချစ်ဆိုတာ ပြီးပြည့်စုံဖို့မလိုကြောင်း ပျော်ရွှင်ခြင်းကသာ အဓိကဖြစ်တယ်လို့ ပြောလိုက်အပြီးမှာပဲ အယ်လန်က မက်ဒီဆင်ကို ကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမယ့် လုံခြုံရေးတင်းကျပ်ထားတဲ့အဲ့နေရာကို ဘယ်သူမှ၀င်လို့မရတဲ့အတွက် အယ်လန်လည်း ဒေါက်တာကွန်ဘလုဆီ သွားလိုက်ပါတယ်။ ကွန်ဘလုကလည်း ရေသူမရှိတယ်ဆိုတာကိုသာ သက်သေပြချင်တာဖြစ်ပြီး လူတွေ ရေသူမကို အစမ်းသပ်ခံလိုမျိုး စမ်းသပ်နေတာကို သဘောမကျပါဘူး။ဒါကြောင့်မို့ အယ်လန်ကို ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီတော့ အယ်လန်တစ်ယောက် သူချစ်ရတဲ့ရေသူမလေး မက်ဒီဆင်ကို ကယ်တင်နိုင်မှာလား။ နောက်ပိုင်းမှာရော အတူတူပေါင်းစည်းနိုင်မှာလား စတာတွေကို စိတ်၀င်စားဖွယ် ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သဘာ၀လွန်ဖြစ်ရပ်ဇာတ်ကားကိုမှ အချစ်ဇာတ်လမ်းလေးနဲ့ ဟာသဆန်ဆန်ကြည့်ချင်တဲ့သူတွေအတွက် ဒီကားလေးက အထူးပဲသင့်တော်တာမို့ အခုပဲကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း