My Mother, the Mermaid
နာယောင်းဟာ စာတိုက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ သာမန်ရုံးဝန်ထမ်း မိန်းကလေးတစ်ဦးပါ။ သူ့ရဲ့ မိသားစုဘဝကတော့ နေ့တိုင်းလိုလို စကားများရန်ဖြစ်နေတဲ့ မိဘတွေကြောင့် စိတ်ညစ်စရာကောင်းနေပါတယ်။ အမေဖြစ်သူက ရုန့်ရင်းကြမ်းတမ်းပြီး ငွေကိုသာ ပဓာနထားသူဖြစ်သလို အဖေဖြစ်သူကတော့ အမေ့ရဲ့ အော်ဟစ်ဆဲဆိုမှုတွေကို ငြိမ်ခံနေတတ်တဲ့ အရမ်းကို အေးချမ်းလွန်းသူ တစ်ယောက်ပါ။ တစ်နေ့မှာတော့ အဖေဖြစ်သူဟာ အိမ်ကနေ ရုတ်တရက် ထွက်သွားခဲ့ပါတယ်။ အဖေ့ကိုလိုက်ရှာဖို့ နာယောင်းတစ်ယောက် မိဘတွေရဲ့ ဇာတိဖြစ်တဲ့ ကျွန်းရွာလေးဆီကို ရောက်သွားခဲ့ပါတယ်။ အဲဒီကျွန်းပေါ်မှာပဲ မထင်မှတ်ထားဘဲ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက သူ့မိဘတွေရဲ့ လူငယ်ဘဝ အချိန်ကာလဆီကို အချိန်ခရီးသွား ရောက်ရှိသွားခဲ့ပါတယ်။ အတိတ်ကာလမှာ နာယောင်း တွေ့လိုက်ရတာကတော့ သူလက်ရှိသိထားတဲ့ ကြမ်းတမ်းတဲ့ အမေကြီး မဟုတ်တော့ပါဘူး။ အဲဒီအစား တက်ကြွရွှင်လန်းပြီး ရိုးသားဖြူစင်တဲ့ ရေငုပ်မယ်အဖြစ် အသက်မွေးနေတဲ့ အမေဖြစ်သူ ယွန်းဆွန်း ကို အံ့ဩဖွယ် မြင်တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ရုပ်ချောပြီး နူးညံ့သိမ်မွေ့တဲ့ စာပို့သမားလေး အဖေဖြစ်သူ ဂျင်ဂုတို့ နှစ်ယောက်ကြားက ဖြူစင်လှပတဲ့ အချစ်ဇာတ်လမ်းလေးကိုပါ အနီးကပ် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကားလေးဟာ ဘဝရဲ့ အခက်အခဲတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲသွားခဲ့ရတဲ့ မိဘတွေရဲ့ ငယ်ဘဝက လှပခဲ့တဲ့ အချစ်ဇာတ်လမ်းကို နှလုံးသား နွေးထွေးဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ မိဘတွေလည်း တစ်ချိန်က မိမိတို့လိုပဲ အချစ်တွေ၊ အိပ်မက်တွေနဲ့ လူငယ်တွေဖြစ်ခဲ့ကြတယ် ဆိုတာကို သိမ်မွေ့စွာ ပြသထားတာပါ။ အချစ်၊ မိသားစုမေတ္တာ၊ လွမ်းမောဖွယ် အတိတ်ကာလရဲ့ အငွေ့အသက်တွေနဲ့ ကျေးလက်သဘာဝအလှအပတွေကို ပေါင်းစပ်ခံစားကြည့်ရှုချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း