ဇာတ်ကားများ ရွေးရန်

Final Fantasy: The Spirits Within

2001ဇာတ်ကားBlu-ray 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီတစ်ခါမှာတော့ Sci-Fi နဲ့ CGI လောကရဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး အမြင်အာရုံကို ဆွဲဆောင်မှုအပြည့်ပေးနိုင်မယ့် Sci-Fi/Action ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ထွက်ရှိခဲ့တဲ့အချိန်တုန်းက သမိုင်းတစ်လျှောက် အပြင်ကလူတွေအတိုင်း အနုစိတ်ဆုံး ရုပ်လုံးဖော်ထားတဲ့ Photorealistic CGI နည်းပညာကြောင့် ကမ္ဘာတစ်ဝန်း ဟိုးဟိုးကျော်သွားခဲ့တဲ့ "Final Fantasy: The Spirits Within"ဆိုတဲ့ ဇာတ်ကားကြီးပါပဲ။ ဇာတ်လမ်းလေးကတော့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ကမ္ဘာပေါ်ကျရောက်တဲ့အချိန်မှာ အဲဒီကနေ ပါလာတဲ့ Phantom လို့ခေါ်တဲ့ ဒြပ်မဲ့ ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုကြောင့် လူသားတွေဟာ အကာအကွယ်အတားအဆီးတွေရှိတဲ့ မြို့ပြတွေထဲမှာပဲ ပုန်းအောင်းရှင်သန်နေရတဲ့ ခေတ်ပျက်ကြီးတစ်ခုကနေ စတင်ထားတာပါ။ သိပ္ပံပညာရှင် အမျိုးသမီးလေး ဒေါက်တာ အာကီရော့စ်နဲ့ သူမရဲ့ ဆရာဖြစ်သူ ဒေါက်တာ ဆစ်ဒ် တို့က ဒီ Phantom တွေကို လက်နက်အင်အားနဲ့ ခြေမှုန်းဖို့ မဟုတ်ဘဲ၊ ကမ္ဘာမြေရဲ့ စွမ်းအင်ဖြစ်တည်မှုကို အခြေခံပြီး ဝိညာဉ်လှိုင်း ၈ ခုကို ရှာဖွေကာ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ထုတ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ဟိန်းကတော့ ဒီ Phantoms တွေကို အာကာသအခြေစိုက် လေဆာလက်နက်ကြီးနဲ့ အပြတ်ရှင်းပစ်ချင်တဲ့အတွက် အာကီတို့ရဲ့ အစီအစဉ်ကို နှောင့်ယှက်ပြီး မြို့ပြရဲ့ ကာကွယ်ရေးတွေကိုပါ ပျက်စီးအောင် အကွက်ဆင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အကာအကွယ်တွေကျိုးပေါက်ပြီး မြို့ထဲကို Phantoms တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ သေရေးရှင်ရေး အလှည့်အပြောင်းမှာ... အာကီနဲ့ သူမကို ကာကွယ်ပေးတဲ့ စစ်သားလူငယ် ဂရေး အက်ဒဝပ်စ်တို့အဖွဲ့က ကမ္ဘာမြေကြီး တစ်စစီမပျက်စီးသွားအောင် ဘယ်လိုတွေစွမ်းဆောင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။

ဇာတ်လမ်းအကြောင်း