Point of No Return
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် 1993 ခုနှစ်က ထွက်ရှိခဲ့ပြီး ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ အပေါ်ယံပဲ ကြည့်ရင်တော့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမဲ့ အတွင်းကျကျ လေ့လာကြည့်မယ်ဆိုရင်တော့ မိန်းကလေးတစ်ယောက်ရဲ့ ကြီးမားလှတဲ့ ဘဝအလှည့်အပြောင်းတစ်ခုကို လိုက်ပါခံစားရပါလိမ့်မယ်။ ပြင်သစ်မှာ နာမည်ကြီးခဲ့တဲ့ La Femme Nikita ကို အခြေခံပြီး အမေရိကန်က Remake ပြန်လည် ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ IMDB မှာလည်း Rating 6.1 အထိရရှိထားပါတယ်။ *ဇာတ်လမ်းအကျဥ်း* မက်ဂီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ စရိုက်ကြမ်းကြမ်းနဲ့ ဆေးစွဲနေတဲ့သူ တစ်ယောက်ဖြစ်တယ်၊ ဇာတ်လမ်းအစမှာ ဆေးချဖို့ အရမ်းလိုနေပြီး နေလို့မကောင်းတဲ့ သူဟာ အဖော်အပေါင်းတွေနဲ့အတူတူ ဆေးဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းခဲ့ကြတယ်၊ သူဖောက်ထွင်းခဲ့တဲ့ ဆေးဆိုင်အတွင်းမှာ ရှိနေတုန်းမှာ ရဲတွေရောက်လာခဲ့ကြတယ်၊ ရဲတွေရောက်လာတော့ လူမှန်းသူမှန်း မသိအောင် ဆေးလိုနေတဲ့ မက်ဂီဟာ ရဲအရာရှိတစ်ယောက်ကို ပစ်သတ်လိုက်တယ်၊ မက်ဂီတစ်ယောက် အမှုပေါင်းများစွာနဲ့ ရဲစခန်းကိုရောက်သွားတယ်၊ ဘာကိုမှ ဂရုမစိုက်ဘဲ ရိုင်းစိုင်းကြမ်းတမ်းပြီး ပြောချင်ရာပြော လုပ်ချင်ရာလုပ်၊ နေချင်သလိုနေတတ်တဲ့သူဟာ ရဲစခန်းမှာလည်း ရဲအရာရှိတွေကို မလေးမစားတွေလုပ်ပြီး သောင်းကျန်းနေတုန်းပဲ၊ တရားရုံးရောက်သွားတဲ့အခါမှာတော့ ရဲတွေကိုရန်ရှာမှု၊ ဆေးမှု၊ ဖောက်ထွင်းမှု၊ ရဲအရာရှိကိုသတ်မှုတွေ ထင်ထင်ရှားရှားဖြစ်နေတဲ့အတွက် တရားရုံးက သူ့ကို သေဒဏ်ချလိုက်တယ်၊ ဒါတောင်မှ တရားရုံးမှာ ထသောင်းကျန်းတဲ့အထိ ကြမ်းတမ်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတုန်းပဲ၊ အဲဒီ အချိန်မှာပဲ သူ့ဘဝကို တစ်ဆစ်ချိုးပြောင်းပေးနိုင်မဲ့ အရာတစ်ခုဖြစ်လာခဲ့တယ်၊ လူတွေအမြင်မှာတော့ သူ့ကို ထိန်းမရလို့ ချက်ချင်း ဆေးထိုးသတ်လိုက်တာ ဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ သူ့က လျှို့ဝှက်အစိုးရ အဖွဲ့အစည်းတစ်ခုကို ခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်၊ သူသတိမေ့နေရာကနေ နိုးထလာတော့ အခန်းတစ်ခန်းထဲရောက်နေတယ်၊ အဲဒီနေရာက သူ့ကို အရာအားလုံးပြောင်းလဲပေးမယ်တဲ့၊ သူတို့ခိုင်းတာတွေ လိုက်မလုပ်ရင်တော့ သူတကယ်သေရလိမ့်မယ်တဲ့၊ အစပိုင်းမှာတော့ မက်ဂီက သူ့ပုံစံအတိုင်း ပုန်ကန်နေသေးပေမဲ့ ရွေးချယ်စရာမရှိတဲ့နောက်မှာ သူတို့အလိုကို လိုက်လျောပေးခဲ့ရတယ်၊ အဲဒီအဖွဲ့အစည်းက သင်ပေးမှုတွေကြောင့် တဖြည်းဖြည်းနဲ့ တိုက်ခိုက်ရေးတွေ၊ လုပ်ကြံရေးတွေမှာ ကျွမ်းကျင်လာပြီးတော့ တစ်ဖက်မှာလည်း ယဥ်ယဥ်ကျေးကျေးနဲ့ နေတတ်လာခဲ့တယ်၊ နောက်ဆုံးမှာတော့ တိုက်ခိုက်ရေးလည်းကျွမ်းကျင်၊ အချစ်နဲ့တွေ့ပြီး နူးညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်လာတဲ့ မက်ဂီတစ်ယောက် ဒီလိုဘဝကနေ ရုန်းထွက်ပြီး သာမန်ဘဝကိုပဲ နေထိုင်ချင်လာခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ Point of No Return ဆိုတဲ့ နာမည်အတိုင်းပဲ ထွက်ပေါက်မရှိတဲ့ ဘဝထဲကနေ သူဖြစ်ချင်တဲ့ ဘဝကိုရဖို့ ဘယ်လိုကြိုးစားမလဲဆိုတာတွေကတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ပြီး ခံစားကြည့်လိုက်ပါတော့
ဇာတ်လမ်းအကြောင်း