ဇာတ်ကားများ ရွေးရန်

Zhang Sanfeng 2: Tai Chi Master

2020ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားထဲမှာတော့ "ထာဝရသုတ္တန်ကျမ်း" နဲ့ "ထိုက်ချီ" ပညာရပ်ရဲ့ အနှစ်သာရကို လူသားဆန်ဆန်နဲ့ ဖော်ကျူးထားပြီး တစ်ဖက်မှာလည်း အာဏာကိုမက်မောပြီး ရက်စက်တဲ့ မကောင်းဆိုးဝါးစိတ်ဓာတ်ရှိသူတွေနဲ့၊ တစ်ဖက်မှာတော့ ဖြူစင်တဲ့ စိတ်ထားနဲ့ ကမ္ဘာလောကကို ကယ်တင်ချင်တဲ့ ကျန်းစန်းဖုန်းတို့ရဲ့ အားပြိုင်မှုတွေကိုကြည့်ရှုရမှာပါ။ ထိုက်ချီပညာရဲ့ လှုပ်ရှားမှုတိုင်းမှာ "ယင်နဲ့ယန်"၊ "ကောင်းကင်နဲ့မြေကြီး" ဆိုတဲ့ သဘာဝတရားကို အခြေခံထားတာကို လှပစွာ ရိုက်ကူးပြသထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ခြင်းအားဖြင့် အဓိကသင်ခန်းစာ (၂) ခုကို ရရှိမှာပါ။ ပထမဆုံးအချက်ကတော့ "ပြောင်းလဲခြင်းရဲ့ အနှစ်သာရ" ပါပဲ။ ကျန်းစန်းဖုန်းဟာ တစ်နေရာမှာ တန့်နေတဲ့အခါ အစကိုပြန်သွားခြင်း၊ ပြန်လည်မွေးဖွားခြင်းဆိုတဲ့ သင်ခန်းစာကို နားလည်သွားပါတယ်။ ဒါဟာ ကျွန်တော်တို့ဘဝမှာလည်း အခက်အခဲတွေကို ရင်ဆိုင်တဲ့အခါ အတင်းအကျပ် ရှေ့ဆက်နေမယ့်အစား တခါတရံမှာ အခြေခံကိုပြန်ကြည့်ပြီး ပြန်လည်စတင်ခြင်းက ပိုပြီး အစွမ်းထက်တယ်ဆိုတာကို သင်ခန်းစာယူနိုင်ပါတယ်။ နောက်ဆုံးအချက်ကတော့ "မက်မောခြင်းရဲ့ အကျိုးဆက်" ပါပဲ။ အာဏာကိုမက်မောပြီး တခြားသူတွေကို ရက်စက်တဲ့နည်းလမ်းနဲ့ နင်းခြေခဲ့သူတွေဟာ နောက်ဆုံးမှာ ဘာကိုမှ မပိုင်ဆိုင်လိုက်ရဘဲ ပျက်စီးသွားကြပါတယ်။ အဲဒီအစား ဖြူစင်တဲ့စိတ်နဲ့ ကမ္ဘာလောကကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ကျန်းစန်းဖုန်းကတော့ ထာဝရအမှတ်တရဖြစ်ကျန်ရစ်ခဲ့တာက ဘဝမှာ ကိုယ်ကျင့်တရားနဲ့ အနစ်နာခံခြင်းဟာ အောင်မြင်ခြင်းထက် ပိုပြီးတန်ဖိုးရှိကြောင်းကို ကောင်းကောင်းကြီး သင်ခန်းစာယူနိုင်ပါတယ်။ ကဲဒီဇာတ်ကားလေးကို အခုပဲ M Sub Movie Channel မှာကြည့်ရှုလိုက်အောင်။

ဇာတ်လမ်းအကြောင်း