Killing Me Softly
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် "Killing Me Softly" (2002) ဟာ ဒါရိုက်တာ Chen Kaige ရိုက်ကူးထားတဲ့ Erotic Psychological Thriller (စိတ်ပညာအခြေခံ အချစ်သည်းထိတ်ရင်ဖို) ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Alice (Heather Graham) ဟာ လန်ဒန်မြို့မှာ နေထိုင်ပြီး အလုပ်အကိုင် အဆင်ပြေရုံတင်မကဘဲ စိတ်ချယုံကြည်ရတဲ့ ချစ်သူကောင်လေး Jake နဲ့အတူ အေးချမ်းရိုးရှင်းတဲ့ ဘဝကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ တစ်နေ့ လမ်းဖြတ်ကူးရင်း မီးပွိုင့်မှာ Adam (Joseph Fiennes) ဆိုတဲ့ အမျိုးသားနဲ့ မမျှော်လင့်ဘဲ မျက်လုံးချင်း ဆုံမိသွားကြပါတယ်။ Adam ဟာ နာမည်ကြီး တောင်တက်သမားတစ်ဦးဖြစ်ပြီး သူ့မှာ ယောက်ျားပီသတဲ့အပြင် ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုမျိုး ရှိတဲ့လူတစ်ယောက်ပါ။ Alice ဟာ Adam ရဲ့ ဆွဲဆောင်မှုနောက်ကို သံလိုက်လို စွဲငင်ပါသွားပြီးနောက်မှာတော့ လက်ရှိချစ်သူ Jake ကို လမ်းခွဲလိုက်ပါတယ်။ သူမကိုယ်တိုင်လည်း မသိလိုက်ရဘဲ Adam နဲ့အတူ ရူးရူးမူးမူး အချစ်နွံထဲ နစ်ဝင်သွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ နှစ်ယောက်သား အလျင်စလို လက်ထပ်လိုက်ကြပါတော့တယ်။ အစပိုင်းမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ အလွန် စိတ်လှုပ်ရှားစရာကောင်းပြီး သာယာနေခဲ့ပါတယ်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ Alice ဟာ သူမ လက်ထပ်ထားတဲ့ အမျိုးသားအကြောင်း ဘာမှ သေသေချာချာ မသိရသေးဘူးဆိုတာ သတိပြုမိလာပါတယ်။ Adam ရဲ့ အပြုအမူတွေဟာ တစ်စတစ်စ ပိုင်စိုးပိုင်နင်းနိုင်လာပြီး ခြောက်ခြားစရာ ကောင်းလာပါတယ်။ အဲဒီနောက်မှာတော့ Alice ဆီကို လျှို့ဝှက်စာအိတ်တွေ ရောက်လာတတ်ပြီး အဲဒီစာတွေထဲမှာ "သူ့ကို သတိထားပါ၊ သူ့အေကြာင်းကို စုံစမ်းပါ" ဆိုတဲ့ သတိပေးချက်တွေ ပါဝင်နေပါတယ်။ သံသယတွေ ကြီးထွားလာတဲ့ Alice ဟာ Adam ကွယ်ရာမှာ သူ့ရဲ့အတိတ်ကို တိတ်တဆိတ် စုံစမ်းပါတော့တယ်။ အဲဒီလို စုံစမ်းရင်းနဲ့မှ Adam ရဲ့ အတိတ်က ရည်းစားဟောင်းတွေဟာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့တာ ဒါမှမဟုတ် သေဆုံးသွားခဲ့တာကို သိလိုက်ရပါတယ်။ ပိုပြီး ထိတ်လန့်စရာကောင်းတာက Adam ရဲ့ မိသားစုနောက်ခံနဲ့ သူ့ရဲ့ အစ်မဖြစ်သူ Deborah တို့ကြားက ပုံမှန်မဟုတ်တဲ့ ပတ်သက်မှုတွေ၊ လျှို့ဝှက်ချက်တွေကိုပါ တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာတဲ့အချိန်မှာတော့ Alice တစ်ယောက် Adam ဆီကနေဘယ်လိုမျိုးထွက်ပြေးနိုင်မလဲဆိုတာကို သဲထိပ်ရင်ဖို ကြည့်ရှုရမှာပါ။
ဇာတ်လမ်းအကြောင်း