Nothing to Lose
Nothing to Lose ဟာ စိတ်လှုပ်ရှားမှုရော ရင်နင့်စရာ ခံစားချက်တွေကိုပါ ပေးစွမ်းနိုင်မယ့် Action, Drama နဲ့ Comedy ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Ludovic Colbeau-Justin နဲ့ Nawell Madani တို့ ပူးပေါင်းဖန်တီးထားတဲ့ ဒီဇာတ်ကားဟာ မိခင်မေတ္တာရဲ့ ကြီးမားပုံနဲ့ ဘဝရဲ့ ကြမ်းတမ်းတဲ့ အချိုးအကွေ့တွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်အနေနဲ့ကတော့ Jada ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ လက်တွဲဖော်နဲ့အတူ ကလေးရဖို့အတွက် အချိန်အကြာကြီး ခက်ခက်ခဲဲ ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သန္ဓေသားလှူဒါန်းမှု အကူအညီနဲ့ ကလေးလေးတစ်ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ Jada ဟာ Single Mother တစ်ယောက်အနေနဲ့ ရပ်တည်နေရပြီး သူမရဲ့ချစ်လှစွာသော သားလေးမှာ သွေးကင်ဆာရောဂါခံစားနေရကြောင်း ရုတ်တရက် သိလိုက်ရတဲ့အခါမှာတော့ သူမရဲ့ဘဝဟာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိသွားပါတော့တယ်။ သားလေးရဲ့ အသက်ရှင်သန်ရေးအတွက် ဘာမဆိုစွန့်လွှတ်ရဲတဲ့ မိခင်တစ်ယောက်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အက်ရှင်နဲ့ ဒရာမာရသတွေ ရောယှက်ပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ မိသားစု၊ မေတ္တာတရားနဲ့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရသစုံလင်စွာ ခံစားကြည့်ရှုချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း