ဇာတ်ကားများ ရွေးရန်

Rosebud

2019ဇာတ်ကားBlu-ray 1080p

၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ လက်ရှိအချိန်ကို ချိန်ဆက်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဟုန်းဂျန်းမီ ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဘဝဖြတ်သန်းမှုကို ပုံဖော်ထားတာပါ။ ဂျန်းမီဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ကြီးကြီး ထားခဲ့သူပါ။ ဒါပေမဲ့ သူ့ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ မြောင်ဟွမ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် မျှော်လင့်မထားဘဲ ကိုယ်ဝန်ရခဲ့ပါတယ်။ မြောင်ဟွမ်က အမေရိကကို ဆေးပညာသွားသင်ချိန်မှာ ဂျန်းမီဟာ သမီးလေး ဟွန်းအာကို မရရအောင်မွေးမယ်ဆိုပြီး သူ့ရဲ့ အဆိုတော်အိပ်မက်တွေကို လက်လွှတ်ခဲ့ကာ Single motherဘဝနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ​နှစ်တွေကြာလာတဲ့အခါမှာတော့ ဂျန်းမီဟာ အောင်မြင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်နေတဲ့ မြောင်ဟွမ်နဲ့ မထင်မှတ်ဘဲ ပြန်ဆုံတွေ့ခဲ့ပါတယ်။ ဒီအချိန်မှာတော့ ဂျန်းမီရဲ့အတိတ်က ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေ ပြန်လည်ပေါ်ပေါက်လာပါတော့တယ်။ မိခင်တစ်ယောက်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ တိမ်မြုပ်နေတဲ့ အိပ်မက်တွေနဲ့ မိသားစု သံယောဇဉ်တို့ကို သရုပ်ဆောင်တွေရဲ့ အချိတ်အဆက်မိမိ ပုံဖော်ထားမှုတွေနဲ့အတူ ရသစုံ ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း