ဇာတ်ကားများ ရွေးရန်

Gods and Generals

2003ဇာတ်ကားBlu-ray 1080p

God and generals 2003 IMDb 6.2/10 ယခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ God and Generals လို့အမည်ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက အမေရိကန်ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာကိုမှ မဟာမိတ်တပ်ပေါင်းစုက ဗိုလ်ချုပ်ဖြစ်တဲ့စတုန်းဝေါဂျက်ဆန်လို့အမည်ရတဲ့ ဗိုလ်ချုပ်အကြောင်းကို ဗဟိုပြုပြီး တင်ဆက်ထားတာပါ။ သူဟာ အမေရိကန်ပြည်တွင်းစစ်မဖြစ်ခင်တုန်းက ပြည်ထောင်စုစစ်တပ်ရဲ့ဗိုလ်ချုပ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဗာဂျီးနီးယားနယ်မြေဟာ ခွဲထွက်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ဗိုလ်ချုပ်ဂျက်ဆန်ဟာ သူ့ရဲ့မွေးရပ်မြေကိုပဲ ရွေးချယ်ပြီး စစ်ပွဲကို ဆင်နွှဲပါတော့တယ်။ သမ္မတလင်ကွန်းကိုယ်တိုင် သူ့ကို ခွဲထွက်ဖို့ကြံစည်တဲ့သူတွေကို နှိမ်နှင်းဖို့အတွက် စစ်သေနာပတိရာထူးကို ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ဗိုလ်ချုပ်ဂျက်ဆန်ကတော့ မျိုးချစ်စိတ်ပြင်းသူပီပီ သူ့မွေးရပ်မြေကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သမ္မတလင်ကွန်းရဲ့ဖက်ဒရယ်အစိုးရစစ်တပ်နဲ့ ဗိုလ်ချုပ်ဂျက်ဆန်တို့ရဲ့မဟာမိတ်တပ်ပေါင်းစုစစ်တပ်ကြားမှာ ပြည်တွင်းစစ်လို့ သမုတ်ကြမယ့်စစ်ပွဲကြီး ဖြစ်‌ပွားလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားမှာ ဘယ်ဖက်က မှန်တယ်ဆိုပြီး အသားပေးရိုက်ကူးထားတာမျိုးမရှိပဲ မတူညီတဲ့ခံယူချက်၊အမြင်တွေကို မြင်သာအောင် ဖော်ပြထားတာပါ။ မဟာမိတ်စစ်တပ်ဖက်ကနေကြည့်ရင်လည်း သူတို့နယ်မြေကို သီးခြားလွတ်လပ်ခွင့်ရအောင် လက်နက်ကိုင်တော်လှန်နေကြတာဖြစ်ပြီး ဖက်ဒရယ်အစိုးရဖက်ကကြည့်ရင်လည်း ခွဲထွက်ဖို့ကြိုးစားနေတဲ့ သူပုန်တွေကို တိုက်နေကြရတာပါ။ ထို့အပြင် တစ်ချိန် ပြည်ထောင်စုစစ်တပ်အောက်မှာ အတူတူတာ၀န်ထမ်းဆောင်ခဲ့တဲ့စစ်သားတွေဟာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့အခါမှာတော့ တချိန်က ရဲဘော်ရဲဖက်တွေဟာ ရန်သူတွေဖြစ်သွားကြရပါတော့တယ်။ ဒီမှာတော့ ဗိုလ်ချုပ်ဂျက်ဆန်ရဲ့ ပြည်တွင်းစစ်မှာ ပါ၀င်လာတဲ့အချိန်ကနေ သူ တိုက်ပွဲကျတဲ့အချိန်ကာလအထိ ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းမှာ လူတွေရဲ့မျိုးချစ်စိတ်၊ စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေ၊ ထိပ်ပိုင်းခေါင်းဆောင်တွေ သဘောတူညီချက်မရတဲ့အခါ ပေးဆပ်ရတာက အခြေခံလူတန်းစားတွေဖြစ်တဲ့အကြောင်းကို မြင်သာအောင်ရိုက်ကူးထားတာပါ။ ဒါ့အပြင် ထိုကာလက လူမည်းတွေရဲ့အခြေအနေတွေ အမေရိကန်ပြည်ထောင်စုရဲ့အနုပညာယဉ်ကျေးမှုတွေ တိုက်ပွဲ၀င်ပုံတွေကို ရိုက်ကူးထားတာက တကယ့်သမိုင်းကို ပြန်လည်ရှုစားနေရသလို ခံစားရစေမှာမို့ အချိန်အားဖြင့် လေးနာရီခွဲ‌လောက်ကြာရှည်တယ်ဆို‌ပေမယ့် ပေးရတဲ့အချိန်နဲ့ ထိုက်တန်တဲ့ဇာတ်ကားလေးမို့ အခုပဲ ကြည့်လိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း