ဇာတ်ကားများ ရွေးရန်

Peddi

2026ဇာတ်ကားWeb-dl 1080p

ဘိုင်ရာဗာမင်းသားကြီး ရမ်ချာရန်နဲ့အတူ မင်းသမီးချော ဂျန်ဗီကပူးရ်တို့ ပါဝင်ထားတဲ့ နောက်ဆုံးထွက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရမ်ချာရန်ဟာ ဒီရုပ်ရှင်အတွက် ခန္ဓာကိုယ်ပြောင်းလဲမှုတွေ ကြီးကြီးမားမားလုပ်ခဲ့ပြီး ဇာတ်လမ်းဇာတ်အိမ်ကလည်း သာမန်လို မင်းသားနဲ့လူဆိုးနဲ့ချ မင်းသားနိုင်ဆိုတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းကတော့ အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်တစ်ခုမှာ ရွာလေးတစ်ရွာရှိပါတယ်။ ဒါပေမဲ့ အဲဒီရွာလေးမှာ နာမည်မရှိသလို လမ်းပမ်းဆက်သွယ်ရေးအတွက်လည်း ဘာမှမရှိပါဘူး။ ရွာကိုဖြတ်သွားတဲ့ရထားသံလမ်း ရှိပေမဲ့ အစိုးရက ဘူတာမလုပ်ပေးထားတဲ့အတွက် ရထားမဖြတ်တာကြောင့် အနီးဆုံးမြို့ကိုသွားရင်တောင် တစ်ညအိပ်နှစ်ရက်သွားရပါတယ်။ အဲဒီရွာက လူတွေကလည်း အလုပ်ကြမ်းပဲလုပ်ရပြီး လုပ်အားခက သူများတဝက်ပဲရကြပါတယ်။ အဲဒီလိုအခက်အခဲတွေကြောင့် ရထားခဏရပ်ပေးဖို့တောင်းဆိုတဲ့သူရှိပေမဲ့ တာဝန်ရှိသူတွေက မျက်ကွယ်ပြုထားဆဲပါပဲ။ အဲဒီရွာလေးမှာ ပတ်ဒီဆိုတဲ့ အလုပ်ကြမ်းသမားတစ်ယောက်ရှိပါတယ်။ ပတ်ဒီဟာ အလုပ်ကြမ်းသမားပေမဲ့ ခရစ်ကတ်အရိုက်တော်တယ်၊ ကြံသကာချက်တာတော်တယ်၊ အပြေးမြန်တယ်၊ နပမ်းသတ်တာကျွမ်းတယ်၊ ပြီးတော့ ငွေမက်တယ်။ ငွေအတွက်ပဲ အားကစားလုပ်နေတဲ့ ပတ်ဒီဟာ ရွာရဲ့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရင်းနှီးတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါမှာတော့...။

ဇာတ်လမ်းအကြောင်း