ဇာတ်ကားများ ရွေးရန်

Dose

2026ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ဆေးရုံတစ်ခုမှာ လူနာတွေကို ဆေးထိုးသတ်နေတဲ့ တရားခံကို ရှာဖွေဖော်ထုတ်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဲ့ဒီဆေးရုံမှာ အဆုတ်အထူးကုဆရာဝန် ပရာကက်ရှ် နဲ့ သူ့ရဲ့ရည်းစားဟောင်း နှလုံးအထူးကုဆရာဝန် အရွန်ဒါသီတို့ အလုပ်လုပ်ကြပါတယ်။ ပရာကက်ရှ်က သူရဲ့ ရောဂါသည်မိန်းမ ရာဂျီသာကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချလို့ ဆေးရုံကို နေ့တိုင်းခေါ်လာလေ့ရှိပါတယ်။ တစ်ဖက်မှာ ဆေးရုံရဲ့ အုပ်ချုပ်ရေးမှူးကလည်း ဒိတ်လွန်နေတဲ့ဆေးတွေကို မှောင်ခိုအသုံးပြုနေတယ်။ ပရာကက်ရှ်က သူ့ရဲ့အဆုတ်အထူးကုခန်းထဲရောက်တဲ့ လူနာတိုင်း စိတ်ချရတဲ့အခြေအနေကနေ ရုတ်တရက်သေဆုံးသွားတဲ့အခြေအနေကို သံသယဝင်လာပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်လိုက်ချိန်မှာတော့ တရားခံအဖြစ် သူ့ကို အရမ်းမုန်းနေတဲ့ ရည်းစားဟောင်း အရွန်ဒါသီအပေါ် သံသယဝင်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ပဲ တရားခံအစစ်က အရွန်ဒါသီလား ဒါမှမဟုတ် မထင်မှတ်ထားတဲ့ တခြားတစ်ယောက်လားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပရာကက်ရှ် အဖြစ် မင်းသား Siju Wilson ၊ ရာဂျီသာ အဖြစ် မင်းသမီး Krisha Kurup နဲ့ အရွန်ဒါသီ အဖြစ် မင်းသမီး Drishya Raghunath တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း