Daddy Day Care
ချာလီက ကလေးစားစရာ ထုတ်ကုန် ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ တာဝန်ယူထားတဲ့ ပရောဂျက်က ကျရှုံးသွားပြီး ကုမ္ပဏီကနေ သူတို့ တစ်ဖွဲ့လုံးကို အလုပ်ထုတ်လိုက်ပါတော့တယ်။ ချာလီ အလုပ်ပြုတ်သွားပြီးတော့ အိမ်ချေးငွေ၊ ကားအရစ်ကျငွေတွေ၊ စားစရိတ်တွေအပြင် ချာလီသားဖြစ်သူ ဘန်ကို ထားတဲ့ မူကြိုကျောင်းကလည်း အတော်လေး စရိတ်ထောင်းလာခဲ့ပါတော့တယ်။ အဲဒါနဲ့ပဲ သားဖြစ်သူကို မူကြိုကနေ ထုတ်ပြီး ပိုပြီး ဈေးသက်သာတဲ့ မူကြိုကို လိုက်ရှာပေမဲ့ အချည်းနှီးပါပဲ။ အဲဒီလိုနဲ့ ချာလီရဲ့ မိန်းမက အလုပ်ထွက်လုပ်ပြီး ချာလီတစ်ယောက် အိမ်မှာ ကလေး ထိန်းရပါတော့တယ်။ ဒါပေမဲ့ တစ်ရက်မှာ အသိတစ်ယောက် ပြောလို့ အကြံရပြီး ချာလီတို့ သူငယ်ချင်း ၂ ယောက် ပေါင်းပြီး “ဒယ်ဒီ ကလေးထိန်းကျောင်း“ ဆိုပြီး မူကြိုစဖွင့်ဖို့ ကြံကြပါတော့တယ်။ အမျိုးသားတွေပဲ ထိန်းမှာမို့ အစက စိတ်မချခဲ့တဲ့ working mother တွေကလည်း နောက်တော့ ချာလီတို့ မူကြိုဆီကိုပဲ ရောက်လာကြပါတော့တယ်။ ဒါပေမဲ့ ပြဿနာက ချာလီတို့ ရပ်ကွက်မှာ နာမည်ကြီးတဲ့ မူကြိုက ပြိုင်ဖက်တစ်ယောက် ပေါ်လာလို့ ဈေးကွက် ကျဉ်းသွားတာကို သဘောမကျခဲ့ပါဘူး။ အထက်နဲ့ပေါင်းပြီး အမျိုးမျိုး ဖိနှိပ်ဖို့ ကြိုးစားလာပါတော့တယ်။ ကြုံလာတဲ့ အက်အခဲပေါင်းများစွာကို ချာလီ ဘယ်လို ဖြေရှင်းသွားမလဲ အပြင် ရယ်ရွှင်မောဖွယ် ကလေးတွေနဲ့ ချာလီတို့ရဲ့ ဂယက်များကိုလည်း မြင်တွေ့ရမှာဆိုတော့ မိသားစုနဲ့အတူ အပန်းဖြေ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း