ဇာတ်ကားများ ရွေးရန်

The Victim or Phii khon pen

2006ဇာတ်ကားBlu-ray 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ Horror ရုပ်ရှင်နှစ်သက်သူတွေ အကြိုက်တွေ့စေဦးမယ့် The Victim (2006)ဆိုတဲ့ ထိုင်းကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့"မေ" ဆိုတဲ့ မင်းသမီးလေးတစ်ယောက်ဟာ ဖြစ်ရပ်မှန်လူသတ်မှုအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ သတ်ဖြတ်ခံလိုက်ရတဲ့ "မင်" ဆိုတဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ဖို့ လက်ခံလိုက်တဲ့အချိန်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့လာရပါတယ်။ မေတစ်ယောက် မင်နဲ့ ထူးဆန်းတဲ့ သဘာဝလွန် ဆက်သွယ်မှုတစ်စုံတစ်ရာကို ခံစားလာရပါတယ် ရှေးဟောင်းဝတ်စုံကို ဝတ်လိုက်တဲ့အချိန်မှာ အငြိုးကြီး သရဲတစ်ကောင်ပေါ်လာပြီး သူ မတရား သေဆုံးခဲ့ရတဲ့အတွက် လက်စားချေ လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။ မတရားသေဆုံးခဲ့ရတဲ့ မင်နေရာကနေ သရုပ်ဆောင်ပေးတဲ့ မေတစ်ယောက် မင်ကို ကူညီပြီး အမှုမှန် ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးဖော်ထုတ်ပါတော့တယ်။ Meta-Horror ပုံစံ ဇာတ်ကားထဲမှာ ရုပ်ရှင်ရိုက်ကူးနေတဲ့အကြောင်းကို တစ်ဖန်ပြန်ရိုက်ကူးထားတဲ့အတွက် ဇာတ်လမ်းက ပုံမှန်ထက် ပိုမိုရှုပ်ထွေးပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ The Victim ဇာတ်ကား ဟာ ထိုင်းရုပ်ရှင်လောကရဲ့ ထိတ်လန့်စရာ ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအသွားအလာက တဖြည်းဖြည်းနဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားတာက ဆွဲဆောင်မှုရှိပြီး ကြည့်ရှုသူကို စိတ်ဝင်စားသွားစေပါတယ်။ ကဲ ဒီလိုစိတ်ဝင်စားစရာတွေနဲ့ မင်ရဲ့ သေဆုံးမှုကို မေတစ်ယောက် ဖော်ထုတ်နိုင်မှာလား.... ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့အတွင်းမှာ ဖြစ်ပျက်နေတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ သရဲခြောက်လှန့်မှုတွေနဲ့အတူ ဇာတ်လမ်းရဲ့ အမှန်တရားကရော ဘာလဲ.... ထိတ်လန့်စရာကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ အခုပဲ ကြည့်ရှုလိုက်ပါနော်

ဇာတ်လမ်းအကြောင်း