ဇာတ်ကားများ ရွေးရန်

The Negotiator

1988ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါမှာတော့ ဓားစာခံဖမ်းဆီးမှုတွေ၊ အကျပ်ကိုင်မှုတွေရဲ့ နောက်ကွယ်က လိမ်ညာလှည့်စားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့အတူ ဉာဏ်ကစားစရာ အလှည့်အပြောင်းတွေကို စိတ်ဝင်တစား ကြည့်ရှုရမယ့် Action/Thriller ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ထိပ်တန်းမင်းသားကြီးနှစ်ယောက်ဖြစ်တဲ့ Samuel L. Jackson နဲ့ Kevin Spacey တို့ အပြိုင်အဆိုင် အားပြိုင်ထားတဲ့ "The Negotiator" ဆိုတဲ့ ဇာတ်ကားကြီးပါပဲ။ ဒီကားလေးကတော့ ဓားစာခံညှိနှိုင်းရေးမှူးနှစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေအပြင် ထူးဆန်းတဲ့ လူသတ်မှုနောက်ကွယ်က အမှန်တရားကို ရုပ်ရှင်ကြည့်ရင်း ဖော်ထုတ်နိုင်မယ့် ဇာတ်လမ်းကြီးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ ချီကာဂိုရဲတပ်ဖွဲ့ရဲ့ အတော်ဆုံးနဲ့ ထိပ်တန်းဓားစာခံညှိနှိုင်းရေးမှူးတစ်ဦးဖြစ်ပြီး ရိုးရိုးသားသားနေတတ်၊ မိသားစုကိုချစ်တတ်တဲ့ ဒန်နီ ရိုမန် ရဲ့ ဘဝကနေ စတင်ထားတာပါ။ သူ့ရဲ့တွဲဖက်သူငယ်ချင်း အသတ်ခံရကနေပြီးတော့ ရဲတပ်ဖွဲ့ရဲ့ မသမာမှုတွေနဲ့ မထင်မှတ်ဘဲ ပတ်သက်သွားပြီး... သူမလုပ်ခဲ့တဲ့ လူသတ်မှု၊ လာဘ်စားမှုတွေနဲ့ မတရား အကွက်ဆင် စွပ်စွဲခြင်း ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဒန်နီက မိမိကိုယ်ကိုယ် အပြစ်မရှိကြောင်း သက်သေပြဖို့နဲ့ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းမဟုတ်ဘဲ ရဲဌာနတွင်း စုံစမ်းစစ်ဆေးရေးရုံးက လူတွေကို ဓားစာခံအဖြစ် ပြန်လည်ဖမ်းဆီးပြီး အကျပ်ကိုင်တဲ့ အခြေအနေတစ်ခုကို မလွှဲမရှောင်သာ ဖန်တီးလိုက်ပါတော့တယ်။ ဌာနတွင်းက ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့တဲ့အတွက် ဒန်နီဟာ သူ့လိုပဲ အခြားနယ်ပယ်က နာမည်ကြီး ဓားစာခံညှိနှိုင်းရေးမှူးတစ်ဦးဖြစ်တဲ့ ခရစ် ဆေဘီယန် ကိုပဲ သူ့ဆီ လာရောက်ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတွေကြားထဲမှာပဲ တစ်ဖက်က ဖိအားတွေ၊ စိုးရိမ်စိတ်တွေကြားထဲမှာ ဒန်နီ့ကို ပစ်သတ်ဖို့ ကြိုးစားနေတဲ့ ရဲတွေရဲ့ အကွက်တွေကို ညှိနှိုင်းရေးမှူးအချင်းချင်း စိတ္တဇအားပြိုင်မှုတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေဖြစ်ပွားရင်း... ဒန်နီတစ်ယောက် ပျောက်ဆုံးနေတဲ့ အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား၊ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီဓားစာခံပြဿနာကရော ဘယ်လိုမျိုး အဆုံးသတ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။

ဇာတ်လမ်းအကြောင်း