ဇာတ်ကားများ ရွေးရန်

Villain and Widow

2010ဇာတ်ကားWeb-dl 1080p

ယွန်းဂျူဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးနောက် ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူ ဆောင်းအာနဲ့အတူ နေထိုင်နေတဲ့ မုဆိုးမတစ်ဦးပါ။ သူဟာ စိတ်ကျဝေဒနာကို ခံစားနေရသလို ငွေကြေးအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် သူတို့အိမ်ရဲ့ အပေါ်ထပ်ကို အခန်းငှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ချန်းအင် ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ကိုယ်သူ စာရေးဆရာလို့ အကြောင်းပြပြီး အိမ်အပေါ်ထပ်မှာ လာရောက်ငှားရမ်းနေထိုင်ပါတော့တယ်။ တကယ်တော့ ချန်းအင်ဟာ စာရေးဆရာမဟုတ်ဘဲ ယွန်းဂျူရဲ့ ဆုံးသွားတဲ့ခင်ပွန်းက အိမ်ထဲမှာ လျှို့ဝှက်သိမ်းဆည်းသွားခဲ့တဲ့ တန်ဖိုးကြီး မင်မင်းဆက်ခေတ်က ရှေးဟောင်းလက်ဖက်ရည်ပန်းကန်လုံးကို လာရောက်ရှာဖွေတဲ့ လူလိမ်တစ်ယောက်သာ ဖြစ်ပါတယ်။ အိမ်ရှင်လွတ်ချိန်ကို အခွင့်ကောင်းယူပြီး ပစ္စည်းကို အသည်းအသန် လိုက်ရှာရတဲ့ ချန်းအင်ရဲ့ အလွဲတွေ၊ စိတ်မမှန်ချင်သလိုဖြစ်နေတဲ့ မုဆိုးမ ယွန်းဂျူနဲ့ ဂျစ်ကန်ကန် သမီးဖြစ်သူတို့ကြားက ထိပ်တိုက်တွေ့ဆုံမှုတွေကို ဟာသနှောပြီး ရိုက်ကူးပြထားတာပါ။ အိမ်တစ်လုံးတည်းမှာ လူသုံးယောက် အတူနေထိုင်ရင်း လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ကြ အပြန်အလှန် သံသယဝင်ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေနဲ့ ဟာသမြောက်တဲ့ အချိုးအကွေ့တွေကို ဒီကားမှာ မြင်တွေ့ရမှာပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း